သူမသွားတွေရဲ့ နယ်နမိတ်ကို ငါ အမှတ်မဲ့ ဖြတ်ကျော်မိပြီး
သူမရဲ့ပေါ့ပါးတဲ့ လျှာကိုစုပ်မျို လိုက်မိတယ်။ အခုတော့ အဲဒီ
လျှာက ငါ့ကိုယ်ထဲမှာ ဂျပန် ငါးတစ်ကောင်လို နေ နေပြီ။
ငါးမွေးကန်ရဲ့ နံရံ ကို တိုးဝှေ့နေသလိုမျိုး ငါ့နှလုံးအိမ်နဲ့ ငါ့ရင်ခေါင်း
အကန့်ကို ဒီလျှာက ပွတ်တိုက် တိုးဝှေ့နေတယ်။ အောက်ခြေ က
နွံနှစ်တွေက ထကြွအောင် မွှေနှောက်နေတယ်။ သူမက အသံကင်း
မဲ့သွားအောင်လုပ်ခဲ့တဲ့ ငါ့ကို မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်
ပြီး စကားတစ်ခွန်းကို စောင့်နေရဲ့။
ဒါပေမဲ့ သူမကို စကားပြောတဲ့အခါ ဘယ်လျှာကို အသုံး
ပြုရမလဲငါမသိ။ ခိုးရာပါ လျှာနဲ့လား။ ဒါမှ မဟုတ် လေးလံတဲ့
ကောင်းမြတ်မှူ ပြည့်လျှံနေတဲ့ ငါ့ပါးစပ်ထဲမှာ အရည်ပျော်နေတဲ့
လျှာ နဲ့ လား ။
မောင်သစ်မင်း
ပိုလန်ကဗျာဆရာ ဇဗစ်ဂညူးဟားဗတ် ရဲ့ Tongue ကဗျာကို မောင်သစ်မင်း ပြန်ဆိုပါတယ်။
No comments:
Post a Comment