Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ဗယ်လင်တိုင်း နေ့ (တစ်မျက်နှာ ၀တ္ထုတို )


နံနက် 7:30

ငထွဋ်ကြီးတစ်ယောက် ရေမိုးချိုး အ၀တ်အစားပြင်ပြီး
“ မိန်းမရေ ... ဒီနေ့ ဗယ်တိုင်းဒေး မိန်းမနားမှာ နေချင်ပေမယ့် ရုံးကမပိတ်တော့ သွားရဦးမယ်ကွာ ”
“ အော် ... ယောကျာ်းရယ် ၊ ဘယ်တတ်နိုင်ပါ့ မတုန်း ၊ စိတ် ဖြောင့်ဖြောင့်သွားပါကွယ် ”
“ အေးပါ မိန်းမရယ် ... ကိုယ်တို့ဘ၀ကလည်း .... ဟူး ... ညကြမှာပဲ ဗယ်လင်တိုင်းတာပေါ့ ”
နံနက် 9:30
“ အသဲလေးရေ ကိုကို တို့ဘယ်သွားကြမလဲကွယ်၊နေ့လည် ၃:၀၀ရုံးပြန်တက်ရမှာ အသဲရ ”
“ ဟင် ကိုကို ကလည်း အဲဒါကြောင့်ပြောတာပေါ့ ၊ ဒီနေ့လေးကို တောင်ခွင့်ယူမထားဘူး ”
“ အော် ယူချင်တာပေါ့ အသဲရယ်။ကိုယ်က သူများ အလုပ်လုပ်ရတာမို့လား ... ကိုယ်ယူ
လို့ရတဲ့ အချိန်လေးတော့ အသဲလေးအတွက် ပေးထားပါတယ်ကွယ် ၊ ကိုယ်တို့ ဟော်တယ်
မန္တလေးသွားကြမယ်နော် အသဲ ... နော်နော် ... နော်လို့ ... ဆိုနေမှ ”
“ အဟင်း ... သွားသွား ... ပြောလိုက်ရင် ... ဒါပဲ ... ”
နေ့လည် 30:30
“ မီးလေးရေ ... စောင့်ရတာမောနေပြီလား ၊ ဦးပြောထားသားပဲကွယ်။ရုံးက သုံးနာရီခွဲမှ ဆင်းမှာပါလို့ ။ အယ် .. မီးလေးကလည်း ဦးထွဋ် အမောဆို့အောင် ကလေးရဲ့ မျက်နှာကို စူပုတ်မထားပါနဲ့ကွာ။လိမ္မာတယ်နော် ကလေးက ... ကဲကဲ စိတ်မကောက်ပါနဲ့တော့ကွယ် ”
“ အဲဒါပဲ ... ဘိုးတော်ကို ဘဲလုပ်ရတာ ဘာအထာ မှန်းမသိဘူး ။ မီး က ဒီမှာ တစ်နေကုန် ထိုင်စောင့်နေရတာ .. ပြော ဘာနဲ့ပြန်ရော် ပေးမှာလဲ .. မီးကိုတော့ တန်ဘိုးနည်း အိမ်ရာ လာမဆောက်နဲ့နော် မရဘူး ”
“ အေးပါကွယ် .. အေးပါ .. တကယ်ပဲ မီးငယ်လေး က လည်း ဒေါသကြည့်ပဲ။ မီးငယ်လေး သဘောပါကွယ်။မီး ကြိုက်တာဝယ် ၊ သွားချင်တဲ့ နေရာသွား ဟုတ်ပြီလား ... ။ ဒီနေ့
တစ်နေကုန် ဦးထွဋ်ဘ၀ကို မီးလက်ထဲ အပ်လိုက်ပါပြီးကွယ် ...ဟဲ ... ဟဲ ... ဟဲ .. မီးလေး
ကလဲ ... ချစ်သူများနေမှ ချစ်သူချင်း ရန်မဖြစ်ကောင်းဘူး ကွဲ့ မီးငယ်လေး ရဲ့ ”
ည 9:30
“ ဟေ့ .. မိန်း မ အေ့ ဂေ့ ... မိန်း မ ... အာ . ဒီ မိန်း မ စော စော စီး စီး အေ့ .. ဂေ့ ...
သေ နေ ပီ ထင် တယ် ”
“ အယ် ယောကျားရယ် အရက်တွေ မသောက်တတ်ပဲ သောက်လာတယ် မူးမှာပေါ့ကွယ် ။
လာလာ အိမ်ထဲဝင် ။ဒါနဲ့ ချစ်သူများနေ အမှတ်တရ မိန်းမဖို့ ဘာဝယ်ခဲ့လဲ ယောကျာ်းရယ်။
ယောကျာ်းကိုစောင့်ရင် အိပ်ပျော်သွားတာ စိတ်မဆိုး နဲ့ နော် ဟီးဟီး ။သမီးလေးလဲ ဖေကြီး ပြန်လာရင် ချောကလက် ပါလာမှာလို့ ပြောထားလို့ စောင့်နေသေးတယ် ... ခုပဲ အိပ်သွားတာ ”
“ သော က် စ ကား မ ရှည် နဲ့ ဘာ သောက် ပြား တ ပြား မှ မ ကျန် တော့ ဘူး အေ့ ဂေ့ ...
စိတ် ညစ် လို့ ဟို ကောင် တွေ နဲ့ အ ရ က် သော က် လာ တာ အေ့ ဂေ့ .. နင် လည်း အိ ပ်
တော့ ... ”
“ ယောကျာ်းကလဲကွယ် ... အမူးပြေ သွားအောင် ဒီ ငှက်ပြောသီးလေး စားလိုက်နော် ။
သံပရာရည် သောက်မလား ။ ဒီနေ့ ဖျော်တဲ့ သံပုရာရည်က အရင်နေ့တွေကထက် ကောင်းမှာ
ပါကွယ်။သောက်လိုက်နော် ”
“ နင့် ကို ငါ ပြော နေ တယ် သောက် စ ကား မ ရှည် နဲ့ လို့ အေ ... ဘာ ဗယ် လင် ကို သွား
တိုင်း မှာ တုန်း ... အ လ ကား သောက် ရူး လ ထ နေ တ ယ် .. ငါ လု ပ် လိုက် ရ ”
ငထွဋ်ကြီး အဲဒီလိုလည်း ဟောက်လိုက်ရော မိန်းမ ခမျာ ငထွဋ်ကြီးကို ကျောပေးပြီး ကွေးကွေး
လေး အိပ်သွားရှာတော့တယ် ။
ငထွဋ်ကြီးကတော့ တစ်ကိုယ်လုံး စွတ်လာတဲ့ အရက်နံ့တွေ ကို အောင့်အီး သည်းခံရင်း မိန်းမကို ကျောပေးပြီး စိတ်ထဲကတော့ သူစတိုင် အတိုင်း ခွိခွိ ... ဟစိ ဟစိ ဆိုပြီး ရယ်နေ ပါတော့တယ် ။
“ ခွိခွိ ... ဟစိ ဟစိ ”

ဘိုဟန်

No comments:

Post a Comment