Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

တောသူမရဲ့ ရည်းစားစာ


မြို့သားအစ်ကို
စကားချို
သူကိုချစ်မိနေပြီရှင့် ၊

ထဘီတိုတိုရေစိုစို
ကျွန်မအလှကပိုကရို
မြို့သူတွေထက်ပိုသတဲ့ရှင့် ၊

ပြောင်းဆန်ထမင်း
ဆူးပုတ်ဟင်း
သူစားချင်ရင်ခုချက်ချင်း ၊

ပဲနီလေးပြုတ်
မုန့်ဖက်ထုပ်
သူစားချင်ရင်ချက်ချင်းလုပ် ၊

သူကြိုက်တယ်ဆို
ထန်းရည်ချို
မြူအိုးလိုက်ကိုပေးတယ်ရှင့်

သူနဲ့တွေ့ရန်
ကောက်စိုက်ပြန်
ခရေပန်းပန်ရတယ်ရှင့် ၊

သူနဲ့တွေ့ဆုံ
စံပယ်ရုံ
ညတိုင်းပုံပြင်ပြောတယ်ရှင့် ၊

တစ်ညသ၌
လလည်းမိုက်
မြို့သားရယ်...အမေရိုက်မှာစိုးတယ်ရှင့် ၊

ဖိတ်စာရိုက်ရန်
မြို့သို့ပြန်
ခုထိပြန်မလာသေးဘူးတဲ့ရှင့် ၊

နေဝင်ချိန်ယွန်း
မီးအိမ်ထွန်း
မျက်ရည်သုတ်ရင်းလွမ်းတယ်ရှင့် ။

ဌေးကြည် [စလင်း]

No comments:

Post a Comment