Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

အမဲလိုက်ပုံပြင်




တစ်ရံရောက
မုဆိုးနှစ်ယောက်
သူတို့ အမဲလိုက်ခဲ့ပုံတွေ
ပြန်ပြောကြတယ်။

တစ်ယောက်က
ကြံ့လိုက်တဲ့အကြောင်း - - -
တစ်ယောက်က
ဖွတ်လိုက်တဲ့အကြောင်း - - -။

စကား ကောင်းနေလိုက်တာ
သူငယ်အိပ်ဆိတ်
တံစက်မြိတ်စွန်းမှာ
လ၀န်းချိတ်ခဲ့ပြီ။

နောက်ဆုံး
ကြံ့လိုက်မုဆိုးက
အသံပြာခဲ့ကြောင်း - -
ဖွတ်လိုက်မုဆိုးက
ဓားမ ဆုံးခဲ့ကြောင်း - -
စကားဝိုင်းသိမ်းတော့
သက်ကြီးခေါင်းချ
ထနောင်းပင်စိမ်းစိမ်းမှာ
လရောင်လည်း သိမ်းခဲ့ပေါ့။

အောင်ဝေး

မူရင်း - သောင်းပြောင်းထွေလာ မဂ္ဂဇင်း၊ ၂၀၀၆ ဖေဖော်ဝါရီ

No comments:

Post a Comment