Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

အနီရောင် ငှက်ကလေးများသို့




ရော်ဘင်ဟုလို
ပန်းသီးဆို ပန်းသီးမဟုတ်
ရောမကားတွေထဲကလို
မြားအစင်းပေါင်းများစွာက လူပေါင်းများစွာ
ငါ့ အနီရောင်ငှက်ကလေးတွေတောင် သေဆုံးသွားပေါ့ ။

အနီရောင် စက္ကူလေးတွေရှာဖွေ
ခေါက်ရိုးကို သေချာကျနစွာချိုးပြီး
ငါ့ ဧည့်ခန်းထဲမှာ
ငါ ဂုဏ်ပြုလိုက်ပါတယ်
အနီရောင် ငှက်ကလေးများ ။ ။

ဘိုဟန်
11.2.2013

No comments:

Post a Comment