Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ဟီးရိုရှီးမား နောက်ပိုင်းကဗျာများ ဆောင်းပါးမှ တစ်ပိုင်းတစ် - ကျော်ဇောနိုင်

ကဗျာဆရာတွေဟာ အနိဌာရုံကို အလေးထားသတဲ့ ၊ ကဗျာဆရာအော်ဒင်(Audin) ကရေးခဲ့ဖူးတယ်။ ဒီသဘောဟာ စစ်ပွဲ ကဗျာဆရာတွေအပေါ် မြင်ကြည့်ကြတဲ့ အမြင်တစ်ရပ်ပါပဲ ။ သမိုင်း အစဉ်အလာအရ ပြောရယင်တော့ ဒီသဘောဟာ လူတစ်ယောက်ရဲ့
ဝိရောဓိစိတ်ကို ထင်ဟပ်စေတာပါ။
      စစ်ပွဲတွေဟာ ကဗျာဖွဲ့လို့ အကောင်းဆုံး မော်ကွန်းတွေ ဖြစ်သလို ကဗျာဝတ္ထုရှည်ကြီးတွေလဲ ဖြစ်ကြပါတယ်။ရှိတ်စပီးယား
ရဲ့ သမိုင်းဝင် ပြဇာတ်ကြီး ဖြစ်တဲ့ '' ထရိုင်းလပ်စ် နဲ့ ခရက်စ်ဆီဒါ " (Trilus and Cresida )ကိုပဲ ကြည့်ယင် အဖြစ်အပျက်ဟာ တကယ့်အဖြစ်အပျက် ။ဂရေစီယမ် စစ်သည်တော်တွေဟာ အသိစိတ်ရှိကြောင်း သရုပ်သဏ္ဍန်လဲ ပေါ်လွင်စေတယ်။စစ်ဆိုတာ
အဓိပ္ပါယ်မယ့် ရုန်းရင်းဆန်ခတ် ဖြစ်တာပါ။


       အနာဂတ်စစ်ပွဲတွေမျာ သူရဲကောင်းတို့ အောင်ပွဲတို့ ရှိမှာ မဟုတ်တော့ဘူး။စစ်ပွဲရဲ့ အဓိပ္ပါယ်ဟာလဲ ပျက်သုဉ်းချဉ်းပဲ ဖြစ်တော့မယ်။ ယဉ်ကျေးမှုတန်ဖိုးရှိတဲ့ဘ၀ ၊ လူသားမျိုးနွယ် ၊ နောက်ဆုံး ကမ္ဘာကြီး တစ်ခုလုံး ဆိတ်သုဉ်းကုန်မှာပါပဲ ။

      ဒါကြောင့် ဒီနေ့ ကဗျာဆရာတွေရဲ့ စစ်ပွဲကဗျာတွေကို ကြည့်ယင် အဓိက နှစ်မျိုးကွဲနေတာ တွေ့ရလိမ့်မယ်။ပထမတစ်မျိုးက ပျက်သုဉ်းချဉ်းကိုအလင်္ကာပြုတဲ့ ကဗျာတွေဖြစ်တယ်။ ကဗျာဆရာမ ဟာနီကော်တိုက်ဇ်(Hurny Cortize)ရဲ့ ' သီးသန့် စုပုံခြင်း " ကဗျာကို ကြည့်ပါ ။

         တောင့်နေတဲ့ သစ်ပင်တွေ
         သီးသန့်စုပုံကြည့်ပါ ၊
         ခါနေတဲ့ ကမ္ဘာပေါ်မှာ တွေ့ရမယ် ။
         တိရ စ္ဆာန် အသေကောင်တွေ
         သီးသန့်စုပုံကြည့်ပါ ၊
         အသံထက်မြန်တဲ့ ဒုံးပျံတွေရဲ့ လေစုပ်ထုတ်ပိုက်တွေမှာပါ ။

   စစ်ပွဲကဗျာဆရာမရဲ့ အလင်္ကကာတင်စားမှုဟာ အဏုမြူစစ်ပွဲရဲ့ ပျက်သုဉ်းမှုကို ကြိုတင် တွေးဆ ရေးဖွဲထားတာ တွေ့ရပါလိမ့်မယ်။ သူမရဲ့ ကဗျာ အဆုံးမှာ

        ဒီသီးသန့် စုပုံတွေကို မြင်ရတော့
        '' ငါ " ရှိနေပါသေးလားလို့ တွေ့ရတယ် ၊
        '' ငါ " အသက်ရှိနေနိုင်အောင် ပြုစု ပျိုးထောင်ရမယ်။
လို့ ရေးသားထားတာ စဉ်းစားစရာပါပဲ ။

        နောက်တစ်မျိုးက စက်မှု အတတ်ပညာတွေ ထွန်းကားလွန်းလို့ လူသားဘ၀ ဆုံးရှုံးမှာကို တွန်းလှန်ဖို့ ဘ၀နဲ့ လူသားတန်ဖိုးကို အားပေးတဲ့ ရဲရဲတောက် ကဗျာတွေ ဖြစ်တယ်။ ဂျပန်ကဗျာဆရာ ကာဇူကို ရှီလေရှီ (Kazuko Shileshi ) ရဲ့ '' ဘောလုံးကစားသူ "
ကဗျာကို ကြည့်ပါ ။

        သူသည်ဘောလုံးသမား ၊
        ဘောလုံးကန်တယ် ၊ နိစ္စဓူဝ ဘောလုံးကန်တယ် ။
        တနေ့
       ကောင်းကင်ကို မြှောက်ပြီး ကန်လိုက်တာ
       တင်နေလေရဲ့ ၊
       ပြန်ကျမလာဘူးလေ ။
        လူတွေက ထင်ကြတယ် ၊ အဲဒါဟာ နေ တဲ့
       လ တဲ့  ဒါမှ မဟုတ် ကြယ်အသစ်တစ်လုံးပေါ့  တဲ့ ။
       ငါ့အတွက်မှာတော့
       ပြန်ကျမလာတဲ့ ဘောလုံးဟာ
       ကောင်းကင်မှာ ချိတ်လို့နေပေါ့
       အရောင်တောက်လာရင် သင်မြင်ရမှာပေါ့ ။
       မြတ်နိုးလာယင်လေ ၊
       ကြယ်လေးတစ်လုံး ဖြစ်လာယင်လေ ။          ။

         အမှန်တော့ စစ်ဆန့်ကျင်ရေး ကဗျာတွေဟာ '' စစ် " ကိုချည်းပဲ သက်သက် ဆန်ကျင်တာ မဟုတ်ဘူး။
လူသားမျိုးပြုတ်အောင် ဖျက်ဆီးမယ့် အတတ်ပညာ နဲ့ လူသား အသက်ရှင်နေထိုင်ရေး အကျပ်အတည်း နဲ့ ဒုက္ခ
တွေကိုပါ ဖော်ပြနေတာ ဖြစ်ကြောင်း တွေ့ရတယ် ။

                                         ကျော်ဇောနိုင်

No comments:

Post a Comment