Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

တောင်ပေါ်လမ်း




အညာသား ပင်လယ်လေ သွားရှုမိသလို
တစ်တောင်ဆင်း တစ်တောင်တက်
မျက်လုံးထဲ ၀င်ဝင်ဆောင့်လာတဲ့ ရှုခင်းတွေ
တောရနံ့ ၊ တောင်ရနံ့က သင်းပျံ့ဝဲမြ
ဟော ....
ငါရဲ့အိမ်လွမ်းစိတ်လေးကို
ဘယ်မှာ မေ့ထားမိခဲ့တယ် မသိတော့ ....... ။

ဘိုဟန်
9.2.2013 / Saturday

No comments:

Post a Comment