Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ကော်ဖီဆိုင် (အောင်ခိုင်မြတ်)


ပျက်နေတဲ့ သင်္ဘောကို ရေပေါ်ဟိုတယ်ဖွင့်မယ်
တင်ဆက်မယ့် ဆပ်ကပ်မှာ ဓားပေါက်ခန်းမထည့်ဘူး ။
ဆင်ပိန်တော့လည်း ကျွဲလောက်ပေါ့ ငါ့ကောင်ရယ်
ယုန်ကိုမြင်မှ ချုံကို ထွင်ကြပေါ့ ။

ဥစ္စာပျောက်ရင်တောင် ငရဲမရောက်အောင်နေတတ်ရတယ်
ဒဏ်ရာက
ညကိုမှ  လင်းတယ် ။
လှတာမက်တာနဲ့ ညစာခက်ရမှာလား
အသစ်က  မနှစ်ကလိုပဲ ။

အောင်ခိုင်မြတ်
Idea

No comments:

Post a Comment