Photos
Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့
Monday, April 22, 2013
မောင်ချောနွယ် ချန်ထားတဲ့အရက် (အောင်ခင်မြင့်)
 “အောင်ချိမ့်ကြီး ကဗျာဆရာတွေကို သေနတ်နဲ့ပစ်ချလိုက်တော့
  အားလုံး အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
  ( သူပစ်လိုက်တာက ရေသေနတ်နဲ့ ပစ်တာ )
  ခဏနေတော့ အားလုံးတဟားဟားရယ်ပြီး ထလာကြ ၊
  ကဗျာဆရာဆိုတာ ဘယ်တော့မှ မသေဘူး ”
မောင်ချောနွယ်၏ “ စစ်အတွင်းက ကွဲသွားသော သူငယ်ချင်း ညီအစ်ကိုတစ်တွေ
ပြန်တွေ့တဲ့နေ့ ” မှ )
မောင်ချောနွယ် တစ်ယောက်ဆုံးသွားပြီ ။သူရှေ့မှာလည်း ဖော်ဝေးတို့ ၊ ဘယ်သူတို့ ။သူတို့ဟာ ဟောဒီလောကကြီးအကြောင်းကို အလျင်အမြန်ဖွဲ့ဆို ၊ ပြီး ... အလျင်အမြန် ထွက်သွားတဲ့ တစ္ဆေတွေလိုပ်ပဲ ။ကျန်ရစ်သူတွေမှာတော့ သူတို့ကဗျာတွေဖတ်ပြီး ငြီးငွေ့ချောက်ချားကျန်ရစ်ခဲ့ရတယ်။လူ့သက်တမ်းဟာ တိုသလောက် ကဗျာဆရာတွေရဲ့ သက်တမ်း
က ပိုလို့တောင် တိုသေးရဲ့ ။ဘိုင်ရွန်က ၃၆ နှစ်မှာ သေတယ်။ရှယ်လီက ၃၀၊ကိတ်စ်က ၂၆နှစ်၊ Stendhal ကလူဟာနွေမနက်ခင်းမှာ မွေးလာပြီး ၊နေ့လည်ကျတော့ သေသွားသတဲ့ ယင်ကောင်တွေလို
ပဲတဲ့။ညဆိုတာကို သူ ဘယ်လိုနားလည်ပါ့မလဲ။ဒါပေမယ့် မောင်ချောနွယ် မသေပါဘူး။ရှယ်လီ မသေသလို၊(ကိတ်)စ် မသေသလို ၊ ဘိုင်ရွန်မသေသလို ၊မောင်ချောနွယ် မသေဘူး။ခင်ဗျားတို့ မောင်ချောနွယ်ကို မြှုပ်မပစ်လိုက်ကြပါနဲ့ ။
                                   (၂)
      “အဲသည်လိုနဲ့ နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့ ”
      ( မောင်ချောနွယ်၏ အထက်တန်းကျတဲ့ ရေ ” မှ )
မော်ဒန်ကဗျာဆရာဟာ မော်ဒန်အတွေ့အကြုံ (modern experience)ကို နာကျင်မှုနဲ့ ဖွဲ့ဆိုခဲ့သူပါ။
မော်ဒန်ကဗျာဆရာများဟာ သူတို့ရဲ့ ဒဏ်ရာတွေကို အလွန်လှပစွာ တင်ဆက်ပြသနိုင်သူတွေဖြစ်တယ်။
၁၉၈၀ နဲ့ ၁၉၉၀ နှစ်များကနေ ယနေ့ထိ အားကောင်းလာတဲ့ မြန်မာမော်ဒန်ကဗျာတွေကိုကြည့်ပါ။
အများစုဟာ မှောင်တဲ့ကာလရဲ့ စိတ္တဇနဲ့ လူအဖြစ်ရဲ့ ဒုက္ခတွေကို စီးကုံးထားတဲ့ နာကျင်မှု ဒိုင်ယာရီ
တွေသာ ဖြစ်တယ်။အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေကြားမှာ တိုက်ခတ်လာတဲ့အေးမြတဲ့ လေပြေ
လေညင်းတွေအကြောင်းလည်းပါတာပေါ့လေ။ ဒါပေမယ့် ခြုံပြောရရင် မော်ဒန်ကဗျာဆရာရဲ့ စိတ္တဇ
ဟာ မည်းမှောင်ရှုပ်ထွေးလို့ လာခဲ့တယ်။ဖင်စီခံထိ ကျွမ်းလောင်ခဲ့သော ဆေးပေါ့လိပ်တိုများ ၊ ပန်းဆိုးတန်းလမ်းဘေးမျာ ရှားပါးသော penguin modern classics များကို ကိုင်ထားဆဲမှာပင် သေး ငယ်သွားသော ငွေစက္ကူရွက်များ ၊ ဓာတ်မီးတိုင်အောက်မှ အိုဆာနေသော ပြည့်တန်ဆာများ၊အလင်းရောင် အားနည်းသောတောအရက်ဆိုင်ကလေးများ၊စိုစွတ်သော ရန်ကုန်မိုး
နေ့ မိုးညများ စသည့် စသည်များမှ ဗန်ဂိုးရဲ့ ဦးခေါင်းထဲသို့ ကျီးငှက်များ ၀င်ရောက်သည့်နှယ် မြန်မာ
မော်ဒန်ကဗျာဆရာရဲ့ အဇ္ဈတ္တထဲသို့ ၀င်ရောက်လို့ လာခဲ့ပါတယ်။
     ဥပမာ.... မောင်ချောနွယ်ကို ကြည့်ရအောင်။မောင်ချောနွယ်ဟာ အော်ဂလီဆန်မှုနဲ့ အလွမ်းကို အချိုးကျစွာ ရောစပ်ပြီး ထုတ်လုပ်ခဲ့သူပါ။သူ ထုတ်လုပ်ဖန်တီးခဲ့တဲ့ တောအရက်ဟာ ကျွန်တော်တို့ရဲ့
အသည်းကို ထိခိုက်ပျက်စီးစေမှန်းသိပေမယ့် အင်မတန်ချိုမွှေးနေတော့ကာ ခင်ဗျားတို့၊ကျွန်တော်တို့
မသောက်ပဲမနေနိုင်ခဲ့ကြဘူး။တကယ်တော့ မောင်ချောနွယ်တိုက်တဲ့ တောအရက်ဟာ ပြင်သစ်ဝိုင်
ကောင်းကောင်းတစ်ခွက်ထက်တော့ မညံခဲ့ပါဘူး။သူရောကျွန်တော်တို့ပါ ရီးဝေေ၀နဲ့ ။ကျွန်တော်တို့အားလုံးမူးနေတဲ့ အချိန်မှာမှ သူက ရသေ့ရဟန်းတစ်ပါးလို အတည်ပေါက်တွေထပြောတတ်တယ်။ မောင်ချောနွယ်ဟာ အဲဒီလိုလူ။သူဟာ မြို့ပြရဲ့ မည်းမှောင်တဲ့ထောင့်ကျဉ်းလေးတွေ ထဲထိရောက်ခဲံပါတယ်။သူဟာ စိတ်နဲ့ပြည်မြို့ကို အခေါက်ပေါင်းများစွာ ကူးချည်သန်းချီပြုခဲ့တယ်။ သူဟာညမန်မာပြည်ရဲ့ လှပတဲ့တောမြို့ ကလေးတွေဆီရောက်ခဲ့တယ်။ သူဟာပါရီကိုရောက်ခဲ့တယ်။ ဗင်းနစ်ကို ရောက်ခဲ့တယ်။ တောင်တန်းတွေဆီေ၇ာက်ခဲ့သလို တိမ်တွေဆီလည်းေ၇ာက်ခဲ့တယ်။
   “မောင်ချောနွယ် အတု”မျာ လောင်ကျွမ်းနေတဲ့ ဝေဒနာတွေကို တွေ့ရတယ်။ဒါပေမယ့် မောင်ချောနွယ်အတုဟာ အလွန်ပါးနပ်တယ် ။သူရဲ့ ဝေဒနာတွေ ၊ အလွမ်းတွေကို သူရဲ့အနုပညာနဲ့၊မာနနဲ့၊ဘ၀တဏှာ ဖုံးဖိပြခဲ့တယ်။အစောပိုင်း မောင်ချာနွယ်ဟာ “အထက်တန်း ကျတဲ့ရေ ” ထဲမှာ
                    “ဘ၀လမ်းခရီးဟာ
                     ငှက်ဆိတ်တဲ့ သစ်စည်းတစ်စည်းမှာတောင်
                     အဓိပ္ပါယ်တွေ သိပ်သည်းခဲ့ပါတယ် ”
လို့ ရေးခဲ့တယ် ။ ........
 “အောင်ချိမ့်ကြီး ကဗျာဆရာတွေကို သေနတ်နဲ့ပစ်ချလိုက်တော့
  အားလုံး အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
  ( သူပစ်လိုက်တာက ရေသေနတ်နဲ့ ပစ်တာ )
  ခဏနေတော့ အားလုံးတဟားဟားရယ်ပြီး ထလာကြ ၊
  ကဗျာဆရာဆိုတာ ဘယ်တော့မှ မသေဘူး ”
မောင်ချောနွယ်၏ “ စစ်အတွင်းက ကွဲသွားသော သူငယ်ချင်း ညီအစ်ကိုတစ်တွေ
ပြန်တွေ့တဲ့နေ့ ” မှ )
မောင်ချောနွယ် တစ်ယောက်ဆုံးသွားပြီ ။သူရှေ့မှာလည်း ဖော်ဝေးတို့ ၊ ဘယ်သူတို့ ။သူတို့ဟာ ဟောဒီလောကကြီးအကြောင်းကို အလျင်အမြန်ဖွဲ့ဆို ၊ ပြီး ... အလျင်အမြန် ထွက်သွားတဲ့ တစ္ဆေတွေလိုပါပဲ ။ကျန်ရစ်သူတွေမှာတော့ သူတို့ကဗျာတွေဖတ်ပြီး ငြီးငွေ့ချောက်ချားကျန်ရစ်ခဲ့ရတယ်။လူ့သက်တမ်းဟာ တိုသလောက် ကဗျာဆရာတွေရဲ့ သက်တမ်း
က ပိုလို့တောင် တိုသေးရဲ့ ။ဘိုင်ရွန်က ၃၆ နှစ်မှာ သေတယ်။ရှယ်လီက ၃၀၊ကိတ်စ်က ၂၆နှစ်၊ Stendhal ကလူဟာနွေမနက်ခင်းမှာ မွေးလာပြီး ၊နေ့လည်ကျတော့ သေသွားသတဲ့ ယင်ကောင်တွေလို
ပဲတဲ့။ညဆိုတာကို သူ ဘယ်လိုနားလည်ပါ့မလဲ။ဒါပေမယ့် မောင်ချောနွယ် မသေပါဘူး။ရှယ်လီ မသေသလို၊(ကိတ်)စ် မသေသလို ၊ ဘိုင်ရွန်မသေသလို ၊မောင်ချောနွယ် မသေဘူး။ခင်ဗျားတို့ မောင်ချောနွယ်ကို မြှုပ်မပစ်လိုက်ကြပါနဲ့ ။
                                   (၂)
      “အဲသည်လိုနဲ့ နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့ ”
      ( မောင်ချောနွယ်၏ အထက်တန်းကျတဲ့ ရေ ” မှ )
မော်ဒန်ကဗျာဆရာဟာ မော်ဒန်အတွေ့အကြုံ (modern experience)ကို နာကျင်မှုနဲ့ ဖွဲ့ဆိုခဲ့သူပါ။
မော်ဒန်ကဗျာဆရာများဟာ သူတို့ရဲ့ ဒဏ်ရာတွေကို အလွန်လှပစွာ တင်ဆက်ပြသနိုင်သူတွေဖြစ်တယ်။
၁၉၈၀ နဲ့ ၁၉၉၀ နှစ်များကနေ ယနေ့ထိ အားကောင်းလာတဲ့ မြန်မာမော်ဒန်ကဗျာတွေကိုကြည့်ပါ။
အများစုဟာ မှောင်တဲ့ကာလရဲ့ စိတ္တဇနဲ့ လူအဖြစ်ရဲ့ ဒုက္ခတွေကို စီးကုံးထားတဲ့ နာကျင်မှု ဒိုင်ယာရီ
တွေသာ ဖြစ်တယ်။အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေကြားမှာ တိုက်ခတ်လာတဲ့အေးမြတဲ့ လေပြေ
လေညင်းတွေအကြောင်းလည်းပါတာပေါ့လေ။ ဒါပေမယ့် ခြုံပြောရရင် မော်ဒန်ကဗျာဆရာရဲ့ စိတ္တဇ
ဟာ မည်းမှောင်ရှုပ်ထွေးလို့ လာခဲ့တယ်။ဖင်စီခံထိ ကျွမ်းလောင်ခဲ့သော ဆေးပေါ့လိပ်တိုများ ၊ ပန်းဆိုးတန်းလမ်းဘေးမျာ ရှားပါးသော penguin modern classics များကို ကိုင်ထားဆဲမှာပင် သေး ငယ်သွားသော ငွေစက္ကူရွက်များ ၊ ဓာတ်မီးတိုင်အောက်မှ အိုဆာနေသော ပြည့်တန်ဆာများ၊အလင်းရောင် အားနည်းသောတောအရက်ဆိုင်ကလေးများ၊စိုစွတ်သော ရန်ကုန်မိုး
နေ့ မိုးညများ စသည့် စသည်များမှ ဗန်ဂိုးရဲ့ ဦးခေါင်းထဲသို့ ကျီးငှက်များ ၀င်ရောက်သည့်နှယ် မြန်မာ
မော်ဒန်ကဗျာဆရာရဲ့ အဇ္ဈတ္တထဲသို့ ၀င်ရောက်လို့ လာခဲ့ပါတယ်။
     ဥပမာ.... မောင်ချောနွယ်ကို ကြည့်ရအောင်။မောင်ချောနွယ်ဟာ အော်ဂလီဆန်မှုနဲ့ အလွမ်းကို အချိုးကျစွာ ရောစပ်ပြီး ထုတ်လုပ်ခဲ့သူပါ။သူ ထုတ်လုပ်ဖန်တီးခဲ့တဲ့ တောအရက်ဟာ ကျွန်တော်တို့ရဲ့
အသည်းကို ထိခိုက်ပျက်စီးစေမှန်းသိပေမယ့် အင်မတန်ချိုမွှေးနေတော့ကာ ခင်ဗျားတို့၊ကျွန်တော်တို့
မသောက်ပဲမနေနိုင်ခဲ့ကြဘူး။တကယ်တော့ မောင်ချောနွယ်တိုက်တဲ့ တောအရက်ဟာ ပြင်သစ်ဝိုင်
ကောင်းကောင်းတစ်ခွက်ထက်တော့ မညံခဲ့ပါဘူး။သူရောကျွန်တော်တို့ပါ ရီးဝေေ၀နဲ့ ။ကျွန်တော်တို့အားလုံးမူးနေတဲ့ အချိန်မှာမှ သူက ရသေ့ရဟန်းတစ်ပါးလို အတည်ပေါက်တွေထပြောတတ်တယ်။ မောင်ချောနွယ်ဟာ အဲဒီလိုလူ။သူဟာ မြို့ပြရဲ့ မည်းမှောင်တဲ့ထောင့်ကျဉ်းလေးတွေ ထဲထိရောက်ခဲံပါတယ်။သူဟာ စိတ်နဲ့ပြည်မြို့ကို အခေါက်ပေါင်းများစွာ ကူးချည်သန်းချီပြုခဲ့တယ်။ သူဟာညမန်မာပြည်ရဲ့ လှပတဲ့တောမြို့ ကလေးတွေဆီရောက်ခဲ့တယ်။ သူဟာပါရီကိုရောက်ခဲ့တယ်။ ဗင်းနစ်ကို ရောက်ခဲ့တယ်။ တောင်တန်းတွေဆီေ၇ာက်ခဲ့သလို တိမ်တွေဆီလည်းေ၇ာက်ခဲ့တယ်။
   “မောင်ချောနွယ် အတု”မျာ လောင်ကျွမ်းနေတဲ့ ဝေဒနာတွေကို တွေ့ရတယ်။ဒါပေမယ့် မောင်ချောနွယ်အတုဟာ အလွန်ပါးနပ်တယ် ။သူရဲ့ ဝေဒနာတွေ ၊ အလွမ်းတွေကို သူရဲ့အနုပညာနဲ့၊မာနနဲ့၊ဘ၀တဏှာ ဖုံးဖိပြခဲ့တယ်။အစောပိုင်း မောင်ချာနွယ်ဟာ “အထက်တန်း ကျတဲ့ရေ ” ထဲမှာ
                    “ဘ၀လမ်းခရီးဟာ
                     ငှက်ဆိတ်တဲ့ သစ်စည်းတစ်စည်းမှာတောင်
                     အဓိပ္ပါယ်တွေ သိပ်သည်းခဲ့ပါတယ် ”
လို့ ရေးခဲ့တယ် ။
အဲဒီမှာ သတိပြုရမျာက သူ့ရဲ့လေးနက်မှု။သေးဖွဲသိမ်နုတ်တဲ့ အရာရာတိုင်းမှာတောင် လေးနက်မှုတွေ၊အဓိပ္ပါယ်တွေ သိပ်သည်းနေတယ်လို့ သူသိမြင်ခဲ့တယ်။ပြီးတော့ ရှာဖွေခဲ့တယ်။
အဲဒါဟာမောင်ချောနွယ်အစစ်ပါ။တကယ်တော့သူဟာ အဲဒီလိုပြင်းထန်တဲ့သူ။လေးနက်တဲ့သူ။မောင်ချောနွယ်အစစ်ဟာ Midasလို အရာရာကို ထိကိုင်လိုက်တိုင်း ဝေဒနာတွေ၊ပြင်းထန်မှုတွေအဖြစ် ပြောင်းလဲကုန်လို့ ၀မ်းနည်းဖွယ်အဖြစ်နဲ့ ကြုံခဲ့ရတယ်။သူ့အတွက်(ခင်ဗျားတို့ ကျွန်တော်တို့အတွက်)ဖြေဆည်ရာဟာ အရက်ပဲ။ဒါပေမယ့် သူို့ အထင်မသေးမိဖို့ကတော့ အရက်ဆိုင်ထဲက ထွက်လာတဲ့ မောင်ချောနွယ်ဟာ အင်မတန်ကိုယ်ရောင်ကိုယ်ဝါ တောက်ပတဲ့ နတ်သားတစ်ပါး ဖြစ်သွားတယ်။ပြီးရင်တော့ သူဟာ သူရဲ့ အတောင်ပံကြီးတွေကို တဖြတ်ဖြတ်ခတ်ရင်း နက်မှောင်တဲ ကောင်းကင်ဆီကို ပျ့သန်းသွားပေလိမ့်မယ်။
           နှောင်းပိုင်း မောင်ချောနါယ်(ငှက်ဆိပ်တဲ့သစ်စည်း”ကဗျာစာအုပ်)ကိုကြည်ရင်တော့ မောင်ချောနွယ်ရဲ့
ပြင်းထန်မှုဟာ တချို့နေရာတွေမှာ လေးနက်တဲ့ သည်းခံမှု၊ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှုအသွင်ကို ပြောင်းသွားခဲ့ပြီဆိုတာ တစ်စွန်းတစ်စရိပ်မိနိုင်တယ်။ ဒါပေမယ့်သူရဲ့လေဟာ လုံးလုံးပြောင်းမသွားသေးပေဘူး။
သူရဲ့ပြင်းထန်တဲ့ ဘ၀တဏှာကိုတော့ သူ မစွန့်လွှတ်နိုင်ပြန်ဘူး။ လောကကြီးကို သူ ချစ်ခဲ့တာဟာ ဗသျှိုးလို လွယ်ကူလို့၊သစ်တောနဲ့ တောင်တန်းတွေ ၀တ်ဆင်အိမ်ရာပြုလို့  သေခြင်းတရားဆိုတာ သောက်ဖော်စားဖက်ပါပဲ ” တဲ့ ။“ငါ နေကောင်းသွားပြီ ပန်းကလေးရေ ” ၊ “ပေါ့ပါးသောလက်ချောင်းများနဲ့ ရွှေတံခါးကြီး ဖွင့်ကြမယ်ကွယ် ” တို့မှာ သူရဲ့ ငြိမ်းချမ်းမှု ၊ ပျော်ရွှင်မှုကို မြင်ရတယ် ။ နေမကောင်းဖြစ်နေတဲ့ အချိန်မိုလို့ သူရဲ့လွမ်းဆွတ်ခြင်းဟာ ထင်ရှားလာတယ်။လူတွေ ၊ နေရာတွေ၊အချိန်တွေကို သူလွမ်းနေတယ်။ ဗျိုင်းအဖြူတွေ ၀ိုင်းရံထားတဲ့ တောသုဿန်လေးရယ်၊ ဂျာမန်တောရပ်ပိုင်းနဲ့တူတဲ့ ဆတ်သွားဘူတာရုံလေးရယ်။သစ်လုံးထွားထွားကြီးကြီးတွေရယ်၊တောပန်းဝါ၀ါတွေရယ်၊ သော်ကဘုရားကြီးရယ်၊သူချစ်တဲ့ ညီငယ်၊ညီမငယ်၊မိတ်ဆွေသူငယ်ချင်းတွေရယ် …….. ။ ယုတ်စွအဆုံး ခွေးကလေး “ဂျူံးနီ”ကိုတောင် သူလွမ်းနေရဲ့ ။ဒါပေမယ့် အရင်က သူဒူးတင်ပေါင်တင်နေလာခဲ့တဲ့ လောကဓံ
ကိုတော့ နည်းနည်းတောင်ပန်းတိုးလျှိုးတဲ့ အသံတွေပါလာတယ်။
           “အမှားမကျူးဘဲ ရှုံးနိမ့်ရသူ ငါ့မှာ
            ငှက်ဆိပ်တဲ့ သစ်စည်းလေးဖြစ်လို့
             မွမွကိုကျေလို့ ငါဟာ ငှက်ဆိတ်ခံရရှာသူ သစ်စည်းကလေးပါ ”
      အကြီးအကျယ် ထုထောင်းရိုက်ပုတ်တာမျိုး မဟုတ်ဘဲ နှုတ်သီးချွန်နဲ့ သူ့ဦးခေါင်းကို အမြဲမပြတ် ထိုးဆိတ်ကလိနေတဲ့ လောကဓံကို သူဖွဲ့ဆိုခဲ့ခြင်းပါ။ ထူဆန်းတာက အရင်တုန်းက သူမြင်ဖူးခဲ့တဲ့ ငှက်ဆိတ်ခံရတဲ့သစ်စည်းကလေးဟာ နောက်ဆုံးမှာ သူကိုယ်တိုင် ဖြစ်သွားခြင်းပါပဲ ။
      “ကြေကွဲမှုအရောင် ” မှာတော့ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့တယ်။ အလွန်ထိခိုက်စေတဲ့ စာသားတွေပါ။
                      “ ငါတို့တွေဟာ
                        ပြဇာတ်ထဲက ဆက်တင်လို အိမ်မှာ
                        နေခဲ့ကြရ
                         ငါတို့တွေဟာ
                         ပြဇာတ်ထဲက ဇာတ်ဝင်ခန်းထမင်းတွေကို
                         စားကြရ ”
    မောင်ချောနွယ်က သိမြင်ခဲ့တယ်။ အဆုံးမျာတော့ မောင်ချောနွယ်ဟာ လူနာခုတင်ပေါ်မှာ ဘ၀ကို သိမြင်ခဲ့ပေါ့။
                                                 (၃)
  “ The mere sight of  people and things had such an effect on me I throught I was going to faint and I felt very ill ”
Vincent Van Gough
မောင်ချောနွယ်ဟာ လူတွေကို မြို့တွေကို ၊ လောကကြီးကို၊ဘ၀ကို အငမ်းမရ ဖတ်ရှုခံစားခဲ့သူပါ။ သူဟာ ဘယ်ဝါဒမှ မစွန်းထင်းတဲ့၊ပြီး … ဘာနဲ့မှလည်း မလွတ်ကင်းတဲ့ လူသားဝါဒီ ကဗျာဆရာဖြစ်တယ်။ အဲဒီတော့ လူတစ်ယောက်ရဲ့ ဘ၀မှာ တွေ့ရတတ်တဲ့ ဒုက္ခတွေ ငြိမ်းချမ်းတဲ့ အခိုက်အတန့်တွေကို သူ့ကဗျာရေစီးမှာ တွေ့မြင်နေရတယ်။အဲဒီကဗျာ  စမ်းချောင်းကလေးကနေ ထွက်ပေါ်လာတဲ့ လူအဖြစ်ရဲ့ နာကျင်မှု ဂီတသံကိုလည်း ကျွန်တော်တို့ ဆွတ်ပျံကြည်နူးဖွယ် ကြားနေရပါတယ်။
                          (၄)
“ အားလုံးမျက်နှာဖုံးတွေ စွပ်လိုက်ကြရဲ့ ၊ အားလုံး တစ္ဆေတွေ ၊ သူရဲတွေ
    ဘီလူးတွေ ၊ ဖုတ်ပြိတ္တာတွေ ၊ မှင်စာတွေ ဖြစ်သွားကြရဲ့ ”
မောင်ချောနွယ်၏ “စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတွေ ပြန်တွေ့တဲ့နေ့ ” မှ .....
မောင်ချောနွယ် တစ္ဆေကဖီးမှာ ထိုင်နေပါတယ်။ဘိုင်ရွန်တို့ ရှယ်လီတို့ ၊ကိ(တ်)စ်တို့က ထိုင်နေတာ ကြာလှပေါ့ ။ ရှေးကျတဲ့ အ၀တ်အစားတွေနဲ့။ဟိုး ချောင်ကျကျ စားပွဲတစ်ခုမှာက ဗန်ဂိုး ။ သူကနားရွက်တစ်ဖက် မရှိဘူး ။မျက်လုံးတွေက ရူးနေတဲ့ မျက်လုံးတွေ ။အလွန်ပြင်းထန်တဲ့ မျက်လုံးတွေ။
စားပွဲတစ်လုံးမှာ မြို့မငြိမ်း၊ခေါင်းမှာ ဒဏ်ရာကြီးနဲ့ ။ နောက် တစ်နေရာမှာက ပေါ်ဦးသက် ၊ စီးကရက်မီးခိုးတွေကြားထဲမှာ။နောက်ဆုံးရောက်လာတာက မောင်ချောနွယ်ပါ။သူဟာ လွတ်နေတဲ့
စားပွဲတစ်ခုမှာ ခပ်အေးအေးလေးထိုင်လို့။ရှပ်အင်္ကျီ အဖြူခပ်နွမ်းနွမ်းကလေးရယ်၊နေစားနေတဲ့ ပုဆိုးလေးရယ်နဲ့ပေါ့။နွားဆေးပေါ့လိပ်လေးလည်းဖွာလို့ .ပြီးမှ လွယ်အိတ်ထဲက ပုလင်းလေးတစ်လုံး ထုတ်လိုက်တယ် ။သူကြိုက်တဲ့တောအရက်ပုလင်းလေးပေါ့ ။
                     “သေခြင်းတရားဆိုတာ
                       စောစောက လပ်စကီးလူစီယာနိုရယ်
                      ဘီယာဘူးတွေနဲ့ ပစ်ပေါက်လိုက်တော့
                      ဖန်တွေ မှန်တွေ ကျကွဲသွားကြတယ် မဟုတ်လား
                      သေခြင်းတရားဆိုတာ
                      ရဲဘော်တို့ ရဲရဲမှတ်ထားကြ
                      စားပွဲပေါ်က ဖန်ခွက်တစ်လုံး
                      သမံတလင်းပေါ် ကျကွဲသလောက်ပဲ ရှိတယ်
                      သေခြင်းတရားဆိုတာ
                      လေယာဉ်ပျံတစ်စီးကနေ
                      လေယာဉ်ပျံတစ်စီး
                      ပြောင်းစီးသလောက်ပါကွာ ”
မောင်ချောနွယ်ဟာ သေခြင်းတရားကိုလည်း အဲဒီလို မမေ့မလျော့ဖွဲ ဆိုခဲ့တဲ့သူပါ။မောင်ချောနွယ် ထွက်သွားပြီ ။တစ္ဆေကဖေးမှာ သွားထိုင်နေလေရဲ့။တခြားမော်ဒန်ကဗျာဆရာတွေ ၀င်လာကြတယ် ။ထွက်သွားတယ်။ဝင်လာကြတယ်။မော်ဒန်ကဗျာလမ်းခရီးဟာ ဒီထက်တိုးတက်လာခဲ့ရင် မောင်ချောနွယ်ဟာ မော်ဒန်ကဗျာလမ်းခရီးရဲ့အစမှာ မားမားမတ်မတ် ရပ်နေတဲ့ကြေးရုပ်ကြီးအဖြစ် ကျန်ခဲ့မှာပါ။သူဟာ မော်ဒန်မဟုတ်ဘူးလို့ ခင်ဗျားတို့ ငြင်းကောင်းငြင်းလိမ့်မယ် ။ဒါပေမယ့် ပြင်သစ်ကဗျာမှာ Baudalaire ဟာမော်ဒန်ဖြစ်သလို မြန်မာကဗျာမှာ မောင်ချောနွယ်ဟာ မော်ဒန်ဖြစ်ကြောင်း ခင်ဗျားတို့ ငြင်းမရဘူး ဆိုတာ အလွန်သေ
ချာပါတယ် ။
                                       စတိုင်သစ် မဂ္ဂဇင်း ၊ မေလ ၊ ၂၀၀၄
                                              အောင်ခင်မြင့်
No comments:
Post a Comment