Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

သူအို လင်မယား


ကောင်းကင်ကြီးကို ကြည့်ပြီး
လမင်းကြီးထဲ ရောက်သွားသလို
အထီးကျန် ..... ။

ပျံသွားထွက်သွားတဲ့
ငှက်လေးတွေကို
လွမ်းစိတ် ......... ။

တစ်ယောက်လက်
တစ်ယောက်ဖျစ်လို့
လက်တစ်ဖက်စီက
ပုတီးလုံး
ချ ... သံ
တေ ဂျာ က်ေ ဂျာ က်
ချိန်းထားတဲ့ အချိန်တွေစောင့်လို့ ....
သူတို့
မျက်ရည်မကျမယ့်နေ့ ............ မှာ
သား ...
သမီး ......
မြေး .........
မြစ် ................
သူတို့
ငိုကြွေးနေကြမယ့် အဖြစ် ။ ။

ဘိုဟန်
29.3.2013

No comments:

Post a Comment