Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

........ စစ် .......


ပန်းပွင့်လေးတွေရဲ့ဝတ်ဆံမှာ ယမ်းနံ့က အသေ
အရုဏ်ဟာ ဒီတောဒီမြေ မှာ ဒီအသံကြားရ
မမေးလိုက်နဲ့မေးလိုက်တိုင်း သတင်းစကားမှာ သူတို့ ပါသွားကြပြန်ပြီ
အဖျားက တစ်နေ့တစ်ခြားတက်လာတယ် ။

ကမ္ဘာမြေပြင်ပေါ် ဒီစကားလုံးကို ဆွဲဆန့်လာလိုက်ကြတာ
         သားငယ်လေးတောင် ကစားတတ်လာပြီ

                             “ စစ် ”

ကျွန်တော့်မှာ သားသား ကြီးရင် ဘာလုပ်မယ် မမေးရဲတော့ဘူး ။

 ဘိုဟန်
 Wednesday, May 30, 2012 at 2:50am

No comments:

Post a Comment