Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

** ချိုင်းထောက်နှစ်ချောင်း နဲ့ လူ **

ကိုယ့်ခြေထောက်ကို ပြန်ရှာဖွေဖို့
စာတစ်ကြောင်း ခဏခဏ ချရေးမိပါတယ် ။

သစ်ကုလားအုပ်ကြီးက
“ အော် .... ခင်ဗျားလည်ပင်း တောင်
တော်တော် ရှည်လာပြီပဲ ” တဲ့
ခေါင်း မော့ပြီး ပြောတယ်
ငေါ့ ပြောတာလည်း ဖြစ်နိုင်ပါတယ် ။

လမ်းပေါ်မှာ လျှောက်နေတဲ့
ကျွန်တော့် ခြေတံတွေ သူမှ မမြင်ခဲ့ပဲလေ ။

“ အေးဗျာ ကျွန်တော့် ပျောက်သွားတဲ့
လမ်းနဲ့ခြေထောက်ကို ပြန်ရှာနေမိလို့ပါ ” ။

ဘိုဟန်

No comments:

Post a Comment