Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** နွားပြာကြီးအကြောင်းဖွဲ့ ခေတ်ပေါ်ကဗျာ **



နွားပြာကြီးအကြောင်း
ကဗျာကောင်းကောင်းတစ်ပုဒ်လောက်
ငါရေးချင်တယ်
ရှေးအခါက ရှေးဆရာတွေ ရှေးကဗျာနဲ့ဖွဲ့သလို
ခေတ်ပေါ်အခါမှာ ခေတ်ပေါ်ကဗျာနဲ့
နွားပြာကြီးကိုဖွဲ့ ဆိုမယ် ။

နွားပြာကြီးကိုဖွဲ့ဆိုဖို့
နွားပြာကြီးဆီ ငါသွား
နွားပြာကြီးနားမှာ ငါနေခဲ့
နွားပြာကြီးကဲ့သို့ လမ်းလျှောက်
ရေသောက်ရင်လည်း နွားပြာကြီးလို
သြော် . . . အဲဒီလိုအကြည့်နဲ့ ကမ္ဘာကြီးကို ကြည့်မိလေတော့မှ
ငါဟာ နွားပြာကြီးကိုကောင်းစွာနားလည်ခဲ့ရရဲ့
နွားပြာကြီးမှာ အောက်သွားတွေမရှိတော့ပါဘူးကွယ်
ငါဟာ နွားပြာကြီးရှေ့မှာရပ် ငါမင်းကိုကဗျာစပ်မလို့ကွဲ့လို့
ပြောမိတယ် ။

နွားပြာကြီးဟာ စာရွက်ထဲကိုလမ်းလျှောက်
စာရွက်ကိုထွန်ယက်ဖို့ ၀င်ရောက်လာတယ်
ကြမ်းထော်အဖေးတက်နေတဲ့ သူပုခုံးကိုဆတ်ခနဲတွန့်လိုက်
ဆတ်ခနဲ ၊ ထပ်ပြီးတော့ ဆတ်ခနဲ
ငါက အကျအန သူ့ကိုကြည့်ရှုပြီး
ဟောဒီလို ကဗျာဖွဲ့တယ်
နွားပြာကြီးရေ မင်းခြေရာခွက်ထဲမှာ
သင်္ဘောတွေ ခုတ်မောင်းနေလေရဲ့
သင်္ဘောထဲမှာ ကိုလံဘတ်အသစ်တစ်ယောက်လည်းပါသကွဲ့
နွားပြာကြီးရေ
ကောက်ရိုးထဲမှာ နှမ်းဖတ်နည်းနည်းပဲပါပေမယ့်
အရသာရှိရဲ့မဟုတ်လား
ကောက်ရိုးထဲမှာ နှမ်းဖတ်မပါတဲ့နေ့တွေ
ရောက်လာလိမ့်မယ်
မင်း မြိန်ယှက်ပါစေကွယ်
နွားပြာကြီးရဲ့ကြမ်းထော်ထော်ပုခုံးဟာ
လှည်းဘီးတွေကိုလည်စေခဲ့တယ်
လှည်နေတဲ့ဘီးတွေဟာ ကျေးလက်နဲ့ မြို့ကြီးကို
ချစ်ခင်ရင်းနှီးမှုပိုစေခဲ့
နွားပြာကြီးရေ
ငါ့အဖေဟာ . . . မင်းအရေပြားကို ဗုံကျက်လို့တီးခဲ့တယ်
အဲဒီဗုံသံကြားရင် လူတွေ ကခုန်ကြတယ်
ဗုံထဲမှာ မင်းအရေပြားဟာတုန်ခါလို့
တုန်ခါမှုဟာ ဂီတဖြစ်လို့
ဂီတထဲမှာ ငါတို့ မြူးတူးမိကြတယ် အခါခါ
နွားပြာကြီးရေ
မင်းဦးချိုကို လေးခွလုပ်လို့
တွေ့ကရာကို ငါတို့လက်တည့်စမ်းခဲ့ဖူးပေသပေါ့
နွားပြာကြီးရေ
မင်းဦးချိုကို တံပိုးခရာလုပ်
လေတဟူးဟူးလွင်ပြင်ပေါ်မှာရပ်ပြီး
ငါတို့ မှုတ်ခဲ့ဖူးပေသပေါ့
နွားပြာကြီးရေ
မင်းနံရိုးငေါငေါတွေဟာ ငါတို့အတွက်
ခွန်အားတွေဘယ်လောက်ထုတ်လုပ်ပေးခဲ့တယ်ဆိုတာ
ထင်ရှားတဲ့အမှတ်အသားတစ်ခုပါပဲ ။
နွားပြာကြီးတစ်ကောင်အဖို့
အောက်သွားမရှိတဲ့နေ့ရက်တွေဟာ ရောက်လာစမြဲပါကွာ
ဟုတ်ရဲ့လား နွားပြာကြီးရဲ့
နွားပြာကြီးရေ
မြက်ခင်းစိမ်းစိမ်းကြီးတစ်ခုကို
မင်းအိပ်မက်မက်ခဲ့ဖူးသလား
လာပါ နွားပြာကြီးရဲ့
မင်းနဲ့ ငါ အစိမ်းရောင်ကမ္ဘာကြီးဆီသွားကြမကွဲ့ ။ ။

နေမျိုး

No comments:

Post a Comment