ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Tuesday, October 1, 2013
** ရွှင်ပျော်မြူး ပြဇာတ် ** အောင်ချိမ့်
ရေတံခွန်လို တဝေါဝေါ စက်လှေကားမှာ
တစ်ရက်ရှေ့တိုး တရက်နောက်ဆုတ်လို့ ရသလိုကြီး
ငါတို့ မျက်နှာချင်းဆိုင်မိကြ
နီးရာဆိုင်တစ်ဆိုင် ဝင်ထိုင်ကြ
ငါက အရက်ကောင်းကောင်းတွေကြိုက်
သူက “ မော် ” စီးကရက်ကြိုက်သလို စီးကရက်ကြိုက်
တစ်ယောက်နဲ့ တယောက်တော့ မကြိုက်တော့
ခုတော့ ဒီမှာ ။
တစ်ယောက်ကိုတစ်ယောက် မကြိုက်တာကိုက “ လွမ်းစရာ”
ငါက ကဗျာဆန်ပြတော့ သူ့ခပ်မျှင်းမျှင်း အလာပ သလ္လာပ
ဟိုတုန်းကလို လိင်ဆွဲဆောင်မှုမရနိုင်တော့တဲ့ ကုန်လွန်မှု
ငိုလည်း ရယ်လည်း အငိုအရယ်တွေက ရယ်စရာမဟုတ် ချောက်ချားစရာ
ထိုင်ကြည့်နေချင်စရာမဟုတ် မျက်နှာလွှဲပစ်စရာ
နာရီဝက်လောက်သာသာမှာ
စကားလုံးတွေလိုချင်
အတိတ်ကိုလိုချင် ပစ္စုပ္ပန်ကိုလိုချင် အနာဂတ်ကိုလိုချင်
အဲဒီအရာတွေ ပြည့်ဖောင်းလာခဲ့
ကြော်ငြာပူပေါင်းအကြီးကြီးလို
ကျီးအာသီးလို ။
သူက သူ့လက်ပတ်နာရီကိုကြည့်
ငါက ဆိုင်က နံရံကပ်နာရီကိုကြည့်ပြီး
ဖက်ငိုသလို
ငါတို့ ရယ်မောလိုက်ကြတယ်။ ။
အောင်ချိမ့်
ဟန်သစ်၊ နိုဝင်ဘာ ၂ဝဝ၎
Labels:
ကဗျာ - အောင်ချိမ့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment