ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Tuesday, October 1, 2013
ရန်ကုန်မြို့က ကြောင်
ကြောင်ဟာ
ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့
ရဲဘော် “ ချေ ” ပုံပါတဲ့
တီရှပ်အနက်ကို ဝတ်တယ်
နားတစ်ဖက်မှာ မိန်းမအဆောင်အယောင်နဲ့
သူ့စိတ်ကလည်း ဒီအတိုင်း ။
ဝီစကီကို ရေမရောဘဲ
ရေခဲထည့်ပြီး သောက်တတ်တယ်
အသားကြော် တစ်ပွဲ
အရည်သောက် တစ်ပွဲ
ဘယ်ဂျီတေဘယ် တစ်ပွဲ
စပွန်ဆာအိပ်ကပ်ထဲ
သူ့လက်သည်းနဲ့ အဓမ္မကုတ်ခြစ်တယ် ။
ကြောင်ဟာ
လူလိုလည်း
ရက်ဂေးသီချင်းဆိုတတ်သေးရဲ့
ကြောင်ဟာ
အပေါ်လိုလို
အောက်လိုလို
ဗေဒင်ဆန်းကျမ်းကိုလည်း အာဂုံဆောင်တတ်သေးရဲ့ ။
ကြောင်ဟာ
မျက်နှာပြောင်တဲ့ တစ်ပွဲထိုးပါ ။
ကြောင်ဟာ
ကြယ်ငါးပွင့်ဟိုတယ်ကနေ
လူလေလူလွင့်ရပ်ကွက်ထိ
သူ့စားကျက်ကို ဖြန့်ကြက်ထားတယ် ။
ကြောင်ဟာ ကြွက်မခုတ်ဘူး
ဘီယာစုပ်ဖို့ အမြဲချောင်းတယ် ။
ကြောင်ရဲ့ဗိုက်ထဲမှာ
ကိလေသာနဲ့ အလိုရမ္မက်
သိမ်းထုပ်ထားရဲ့ ။
ကြောင်ဟာ ပျင်းတဲ့အခါ
မန္တလေးက ဖမ်းလာတဲ့
ကြွက်ဖြူလေးကို ထုတ်ပြီး
ထိပ်ပုတ်ခေါင်းပုတ် ကစားတယ် ။
နောက်ဆုံးတော့
ကြောင်ရဲ့မစင်ကလည်း
သူ့ဗီဇအတိုင်း
နံလို့ဟောင်လို့ လေထုကို ညစ်ညမ်းစေရဲ့ ။
အောင်ဘညို
(ရုပ်ရှင်တေးကဗျာ)
Labels:
ကဗျာ - အောင်ဘညို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment