Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

နတ်ပူးနေတဲ့ ကောင်



လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှမြို့တိုင်ခဲ့ပြီလ
တယ်လီဖုံးခေါ်သံတွေ ကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ ကောင်ပါ ။

ဖေဖေရေ
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သားဝင် အိပ် လိုက်ချင်ရဲ့
ကောင်းကင်ကို ပြန် တည့် ရတာ
............မောတယ် ။ ။

တာရာမင်းဝေ
မဟေသီ၊ဇွန် ၁၉၉၇
၁၉၉၇ မဂ္ဂဇင်းကဗျာလက်ရွေးစင် မှ

No comments:

Post a Comment