Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

ကဗျာ (၅)



ဂျင်း ၊ ကြက်သွန်ဖြူမပါ
ဆီ ၊ ဆား ၊ ငံပြာရည် ၊ အချိုမှုန်မပါ
အသီးအရွက် ၊ အသားငါး မပါ
ဘာ Decoration မှ ပြင်မထားတဲ့
ဟင်းတစ်ပွဲ
ရင်ဘတ်ကို အပူတိုက်ပြီး
သင်တို့ အဆင်သင့်စားသုံးနိုင်ရန်
ချက်လုပ်လိုက်ပါသည် ။

( ...................
........................
............................. )

သင်တို့ ဆန္ဒအတိုင်းသာ
ပါးစပ် နဲ့ အရသာခံစားချင်လည်းစားပါ
ရင်ဘတ် နဲ့ တိုက်ပြီး စားချင်လည်း စားလိုက်ပါ
ဦးခေါင်းနဲ့ ဖြည်းဖြည်းချင်း တစ်တို့ခြင်းတို့ပြီးလည်း စားပါ
အထူးသတိပြုရန်မှာ “ ကဗျာဆရာကို ခေါင်းမစား ရန်သာ ”

“ ဘာ ဟင်းဖြစ်မယ်လို့ သင်ထင်ပါသလဲ ” 


ဘိုဟန်

No comments:

Post a Comment