Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** အထူးပြုလုပ်ချက်များဖြင့် မိုးဟာ အဆက်မပြတ် ရွာချနေပါတယ် **



ရွာနေတဲ့မိုးအောက်
အိမ်ထဲကလူ အိမ်ပြင်မထွက်
အိမ်အပြင်ထွက် အစာရှာသွားသူ အိမ်ပြန်မလာ
ပြောနေကြတာ
ရာသီဥတုက ကိုယ့်ဘက်ပါနေဆိုပဲ .....
မိုးမိပြီးသေတဲ့ မသာများ ......
မိုးခိုတွင်းအောင်းရင်း သေတဲ့ မသာများ .......
ကျန်ရစ်သူများ ခမျာ ထားရာနေ စေရာသွားတဲ့ မိုး ........
သွေးရိုးသားရိုး
မဟုတ်တော့ .................... ။

Bo Han

No comments:

Post a Comment