ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Tuesday, October 1, 2013
** မ စ် ရှီ ဂ န် မဲ ဇာ ** အောင်ဝေး
တစ်နှစ်လုံး
စိတ်တွေက ရေခဲသလို ခဲလို့ ။
တစ်နေ့ လုံး မြူတွေ မှိုင်းလို့ ။
တစ်ညလုံး မိုးတွေ သည်းလို့ ။
တစ်လမ်းလုံး နှင်းတွေ ဖုံးလို့ ။
တစ်ကြောလုံး သစ်ရွက်တွေ ကြွေလို့ ။
တစ်ချိန်လုံး တိမ်တွေ အုံ့ လို့ ။
တစ်ကွင်းလုံး လေပြင်းတွေ တိုက်လို့ ။
တစ်ခေတ်လုံး
တစ်ဘ၀လုံး
ဘာမှ အသုံးမကျတဲ့
အိမ်လွမ်းစိတ်ကိုပဲ
မြက်ရိတ်သလို ရိတ်ရိတ်ပစ်နေရတော့တယ်။ ။
အောင်ဝေး
Labels:
ကဗျာ - အောင်ဝေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment