Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** သောကြာနေ့တိုင်း ** အောင်ချိမ့်



လေ၊ ကျင်ကြီး၊ ကျင်ငယ်၊ ချောင်းဆိုးလိုခြင်း
အန်လိုခြင်း၊ ကြို့ထိုးလိုခြင်း ၊ အိပ်လိုခြင်း
အစရှိသည်တို့ကို တရံတဆစ်မျှမတား
မမြစ်ရာ၊ မအောင့်ရာ ။ အောင့်လျင်
ရောဂါဥပဒ် ရောက်တတ်သည်။
( ဥတုဘောဇနကျမ်းမှ...)

ဒီအတိုင်းမနေပါနဲ့
မရယ်ပဲ မနေပါနဲ့
စကားတိုးတိုးမပြောပါနဲ့
အကာအစွပ်မပါပဲ မနမ်းပါနဲ့ - စသဖြင့် စသဖြင့်တွေ
ငါတို့နားလည်ထားသင့်တယ် - စသဖြင့် စသဖြင့်တွေ ။

တွေ့ဖူးတယ် တဝက်ပြိုကျနေတဲ့ အခုလိုလူ
အဲဒါ ငါကိုယ်တိုင်တောင်ဖြစ်နိုင်သေးတယ်
လမ်းသွားရင်း ပိုက်ဆံအကြီးဆုံးအတန် ကောက်ရနိုင်သလိုပါပဲ
မထင်မှတ်ပဲ ဘာလုပ်ရမှန်းမသိအောင် ဖိနပ်သဲကြိုးပြတ်သွားနိုင်တယ် ဘယ့်နှယ်လဲ ။

မြန်မာပြည်ဈေးကွက်ကို ဖြည့်တင်းရန်
နောက်ထပ် ငါ့ကဗျာအသစ်တပုဒ်ပေါ့
ကိတ်မုန့်လို၊ ဝီစကီလို၊ အရည်းကြီးလို၊ ဇီးသီးလို
အလိုပြည့်စေမယ်ပေါ့ သောကြာနေ့တိုင်း ။ ။

အောင်ချိမ့်
လှိုင်းသစ်မဂ္ဂဇင်း ၂ဝဝ၉ ဇန်နဝါရီလ

No comments:

Post a Comment