Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

ဘိုဟီးမီးယန်းများ - မောင်ဖီလာ



ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်
အင်္ကျီလက်ကိုပင့်တင်
လူမိုက်ကို ဂစ်တာနဲ့ရိုက်ပစ်လိုက်တုန်းက
သူ့ သူရဲကောင်းဟာ တော်တီလာဖလက်ရပ်ကွက်ထဲက “ ဒင်နီ ”
ဘီယာအမြုပ်တွေလို သူ့သွေးက ပွက်ပွက်ဆူလို့
ခင်ဗျားအသက်အရွယ်ရောက်ရင်
ခင်ဗျားထက်ပိုကောင်းတဲ့ ပန်ချီးကားတွေ ကျွန်တော်ရေးမယ်
စိတ်ထဲက “ ဂေါ်ဒွင် ” ကို ဒီလိုကြိမ်းမိတယ်
ပျော့ညံ့ဖို့ဘယ်ကိစ္စမှ ငါတို့ ဆီလာမသန်စွမ်းနဲ့
ငါတို့ခေါင်းထဲ အဆိပ်ပြင်းတဲမြွေတွေ အထွေးလိုက်ခွေလို့
ငါတို့ဆီ ဂျင်းဘောင်းဘီ
ငါတို့ဆီ စကေဘာ
ငါတို့ဆီ အရိုးခေါင်းခါးပတ်နဲ့ လာခဲ့
“ ဂျွန်ဖောက်(စ်) ” ဆိုတဲ့ လူတစ်ယောက်ဟာ
လူငယ်စိတ်နဲ့ မစ္စစ္စပီမြစ်ကြီးကို ဖြတ်ကူးခဲ့တာ ငါပြောပြမယ်
ကိုချောနွယ်ဟာ လူငယ်စိတ်နဲ့ ဖျံဖမ်းသမားကဗျာကိုရေးခဲ့တဲ့အကြောင်း
ငါပြောပြမယ်
လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ
ခလုတ်တိုက်ရင် တိုက်မိတဲ့အုတ်ခဲကို ဆဲထည့်လိုက်မယ်
“ မက်ဒေါနား ” လို အမယ်အိုကြီးကို ခေါက်ထားပြီး
“ ဘရစ်တနီစပီးယား ”ဆီသွားဖို့လည်း သူတို့သိတာပဲ
ဒုက္ခ၊ နေရောင် ၊ အမှောင်နဲ့ ဂစ်တာကြိုး
ဇွတ်တိုးဝင်လာတဲ့ လောကဓံဆိုလည်း
ခေါင်းရှစ်စိတ်ကွဲသွားဖို့ပဲရှိတယ်
သူတို့ဆီမှာ မီးညှိပါ
သူတို့ အသံကို ဆုပ်ကိုင်ပါ
သူတို့ အရောင်ကို နားစွင့်ပါ
“ အသက်၄၀ ကျော်မှ ကဗျာဆရာဗျ ” ဆိုလည်း
လကမ္ဘာဆိုတာ လူညံ့တွေအတွက်
အမြဲနောက်ကျတတ်တဲ့ အိပ်မက်ပဲ
လရောင်ဟာ ကင်းဗတ်စပေါ်မှာထက်
အပြင်မှာပိုပြီး ရွေ့လျားလှပပါတယ်။ ။

ပိတောက်မြေမဂ္ဂဇင်း၊ ၂၀၀၃
မောင်ဖီလာ

No comments:

Post a Comment