Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

မင်းတို့ငါတို့ရဲ့ အနုပညာ - မောင်ဖီလာ



အချိုမကြိုက်တဲ့ ငါ့ဦးခေါင်းက
လာသမျှအနံ့ အသက်ကို တောက်ထုတ်ပစ်တယ်
အတိတ်ဆိုတာ
သောက်လက်စ အရက်ခွက်ရဲ့ တစ်ဝက်ကုန်ခမ်းနေမှုပဲ
ဒီသီချင်းနဲ့ လျှပ်စစ်ကိုဖြတ်ပြီး မစီးဆင်းစေနဲ့တော့
လေထုထဲက ရေခိုးရေငွေ့လိုပဲ
မမြင်ရတဲ့ဒုက္ခဟ ငွေ့ရည်ဖွဲ့ပြီး ငါတို့ ဆီလာမယ်
စိတ်ကိုအမိုးဖွင့်ထားတဲ့ ကားလို
လေတဖြူးဖြူး အတိုက်ခံလို့
အကိုင်းအခက်အသစ်ဆီ ချိုးကွေ့မယ်
ဘာကြောင့် ယောက်ယက်ခတ်စရာလိုမလဲ
အနုပညာဆိုတာ
အမဲလိုက်ခွေးရှေ့က သားကောင်လို
ဗြောင်းဆန်အောင် ရွေ့လျားနေဖို့မှ မဟုတ်တာ
မင်းခါချလိုက်တဲ့ချွေးတစ်စက်တည်းပဲ ဖြစ်ပစေ
အသံမြည်စေရမယ်
ဒီသီချင်းနဲ့ လျှပ်စစ်ကိုဖြတ်ပြီး စီးဆင်းပစေတော့
ကုက္ကိုပင်ပေါ်က ကုက္ကိုသီးတွေလို
အလဟဿ သီးပွင့်မှုမှာ
မင်းနာမည် မပါပါစေနဲ့။ ။

ရုပ်ရှင်အမြုတေ၊ ၂၀၀၃ ခုနှစ်၊ သြဂုတ်လ
မောင်ဖီလာ

No comments:

Post a Comment