Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

“ နတ်စကား ”



အလွန်ချိုမြိန်ပြီး
အရည်ရွှမ်းပြီး
အနံ့အရသာထူးကဲသော
အလွမ်းများ များစွာ ထူထဲကြွယ်ဝသော
လောကကြီးမှာ
ကျွန်တော်ပျော်မိပါပြီ ။

အဆုံးအရှုံးများကိုလည်း
ဆုလာဘ်များလို
ဂုဏ်ယူတတ်ပါပြီ ။
ဒဏ်ရာများရလာလျှင်
ရင်ထဲမှာ ပန်းတွေပွင့်ရဲခဲ့တဲ့ သတ္တိ
ကျွန်တော် ရရှိခဲ့ပါပြီ ။ ။

သုခမိန်လှိုင် ( မဟေသီ - သြဂုတ်၊၂ဝဝ၁)

No comments:

Post a Comment