Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** မတွေ့ ရတဲ့နေ့ ** - အောင်ချိမ့်



မတွေ့ရတဲ့နေ့မို့
ငါတို့ မတွေ့ရ ။

ပွဲလမ်းသဘင်နဲ့
ချိုချဉ်မုန့်ထုပ်နဲ့
တံလျှပ်လို
ဘောလုံးလို
မင်းသား အယ်လ်ပါစီနီလို
သတင်းစာလို
စီးကရက်လို
ပြတယ် ထုတ်ပြတယ်
ကျေနပ်ဖွယ်ရှိပါတယ်
ဒါပေမယ့် မတွေ့ရတဲ့နေ့မှမဟုတ်ပဲ ။

ဆာခဲ့
ငါမျှော်ခဲ့
တစ်သိန်းလောက်
တစ်သန်းလောက် ။
မတွေ့ ရတဲ့နေ့ဟာ
ပေါ့ကျ လက်ဖက်ရည်လောက် လေးနက်တယ် ။
မတွေ့ရတဲ့နေ့ဟာ
ဆောင့်ကြီး အောင့်ကြီး သီချင်းလောက် ပွင့်လင်းတယ် ။
ပိုကောင်းမယ်
ပြောစမှတ်ဖြစ်လိမ့်မယ် ။
ရည်းစား မရနိုင်တဲ့ အချိန်မှာ
ရည်းစားရခဲ့တာ ဖြစ်လိမ့်မယ်။
မတွေ့ ရတဲ့နေ့ဟာ
တွေ့ရတဲ့နေ့မဟုတ်ဘူး ။
မတွေ့ရသေးဘူး
မတွေ့ရတဲ့နေ့များ ။
အတူကံနည်းခဲ့
မတွေ့ရတဲ့နေ့များ ။ ။

အောင်ချိမ့်

No comments:

Post a Comment