Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** အဲသလို ဖြစ်ခဲ့တယ် **



ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အမေးကို မဖြေဘူး
အဖြေကို ဖြေခဲ့တယ် ။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
(လာမွန်တော့ဖ် ပြောသလို)
ချစ်စွာသော မိတ်ဆွေနှစ်ဦးမှာ
တစ်ဦးမှာ တစ်ဦး၏ အစေခံ ဖြစ်လေသည် ။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
ဆေးအမျိုးမျိုး သောက်တယ်
သေမလိုလို အကြိမ်ကြိမ် ဖြစ်တယ် ။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အရက်ခွက်ဟာ စားပွဲ၏ အစွန်မှာ
တံတောင်နဲ့ တိုက်မိလိမ့်မယ်။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
မတော်တဆနဲ့
တကယ် ဖြစ်တာနဲ့။

အောင်ချိမ့်

စက်တင်ဘာ၊ 2011 ၊ သရဖူ မဂ္ဂဇင်း

No comments:

Post a Comment