Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** အလွမ်းပြေစာတစောင် ** ( တင်မိုး )




အလွမ်းပြေအမေရေးတဲ့
ကောက်ကွေးကွေးအက္ခရာ ။

ခဲတံကိုတံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံမှန်ကန်လဲ
အမေ့ဥာဏ်ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွတ်သည့်စာ ။

ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင်မတတ်သော်လဲ
အမေ့မှာစေတနာဓါတ်တွေက
ဖြတ်ကနဲယိုလို့လာ
လွမ်းစာတဲ့ဆောင်ပါး ။

အမေမရှိသော်လဲ
ဖြေမိ ဖြေစရာပေါ့
သည်းလွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ်သွယ်သွယ်ကွေးလိုပ
စီရေးပုံမပြေပါလဲ
စေတနာအလွန်သန့်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား ။

တင်မိုး

No comments:

Post a Comment