Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

အိမ်အပြန်



ရှင်သန်ခြင်းမှာ
အဓိပ္ပယ်ဖွဲ့ဖူးခဲ့ ။
တောင့်တောင့်ခဲခဲကြီးပဲ
ငါက ရပ်နေတာလား
မှတ်တိုင်က ရပ်နေတာလား
ကြားကား ........တဲ့
ကြားသမားကို ဆွဲတင်သွားခဲ့ပြီ ။
မိုးကြီးစုံးစုံး ချုပ်တဲ့ထိ
ဓာတ်တိုင်တို့ အိပ်မောကျနေဆဲ
ဖယောင်းတိုင်တိုတိုနဲ့ သူမ
ငါ့ကို ထိုင်စောင့်နေပေလိမ့် ။
အကြောသေ သံချောင်းသံတွေ
တရွတ်တိုက်ဆွဲခေါ်လာတဲ့ အထိ
လရောင်လည်း ဝမ်းနည်းဖွယ်ပင် ။
ဟောဒီ ၃၁ ဘုံမှာ
ချစ်ခြင်း အနုပညာ ပင့်သက်
ချစ်ဇနီးလေး မိနန်းရေ
ဘဝကလွဲရင် အာလုံးဈေးကြီးပါတယ်ကွယ် ။ ။

အောင်ဘညို
သောင်းပြောင်းထွေလာ မေ၊၁၉၉၇
၁၉၉၇ မဂ္ဂဇင်းကဗျာလက်ရွေးစင် မှ

No comments:

Post a Comment