Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** ဝေစု ** အောင်ချိမ့်



လမ်းထောင့်မှာ
ရပ်နေရှာတယ်
သစ်ပင်နဲ့ သစ်ရိပ်မှာ သူမဟာ ရောနှောလို့ ။

ပျံလွှားငှက်တွေ ကောင်းကင်ပေါ်လူးလာ
ချစ်ခြင်းမေတ္တာနဲ့ နည်းပါးတဲ့ မျှော်လင့်ချက်များ
မထုံတက်တေး မြင်တွေ့လေခဲ့
မိုးချုပ်တော့မယ် . . . တဲ့ ။

အမျိုးသမီးရေ
ငါ့အမျိုးသမီးရေ
လောကကြီးဟာ ဇာတ်လမ်းဇာတ်ကွက် ကြွယ်ဝလှတယ်
ငါတို့က စီးဆင်းကြရမြဲပဲကွယ် ။

အားလုံးပဲ ပျော်ရွှင်မှုရပါစေ
မနာလိုမရှိပါဘူး ။

ဖန်လာပုံက
အမှားကမ်းတစ်ဖက်စီ ငါတို့နှစ်ယောက်သား
ဒီတစ်ချီလည်း တင်းထားကြဦးစို့ ။ ။

အောင်ချိမ့်

No comments:

Post a Comment