Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

ကဗျာ(၁)



တောင်ကြည့် မြောက်ကြည့်
ဘယ်အရပ် မှ မသိတဲ့ကောင်ပါ ။

ကိုယ်ဝတ်စုံ ကိုယ်ထမ်း ထွက်ခဲ့မိတယ် ။

ဘ၀တွေ
အလှတွေ
အက္ခရာတွေ ဖွေရှာ
ခု
သား ချုပ်ကြောင်းတွေ ပြုတ်ထွက်နေပြီ မေမေ ။

မေမေ သီချုပ်ပေးမယ်ဆိုတာ သိပေမယ့်
ခြေဦးတည်ရာကိုကြည့်မိတော့
ပြန်လှည့်လာလို့ မရတော့တဲ့ အခါကြီးရက်ကြီး မေမေ ။

ဘိုဟန်

No comments:

Post a Comment