Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

ဆောင်းတု = ဆုတောင်း



ပုံပြင်ထဲက ယုံလို
အိပ်မက်တွေအတွက်
ကျကျနန ၊ ကြီးကြီးကျယ်ကျယ်
ရှုံးနိမ့်ရမယ်ဆိုလဲ
ထားခဲ့ပါကွယ် ........... ။

ငါ့
တစ်ကိုယ်ရေစာအတွက်ဆို
ဘယ် ထန်းလက် ကိုမှ
တကူးတက
ရှာမနေတော့ပါဘူး ......
လိပ်တွေသာ
ကမ္ဘာတည်သရွေ့
အပြေးမြန်ကြပါစေတော့ ။

ဒါဟာ
မှားယွင်းနေသော အေးချမ်းမှုလည်း ဖြစ်မှာပါ ။

Bo Han

No comments:

Post a Comment