Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Saturday, August 31, 2013

ညထဲက သတို့သမီး



ည ဆိုတာ
မိန်းမနဲ့ ယောကျာ်းတို့ရဲ့
ခွန်အားပြည့် ရမ္မက်ခွက်ကို
မျိုးဆက် ပြန့် ပွားမှု သေရည်နဲ့ဖြည့်စွက်
အိမ်မက် ပွင့်ဖူး
သောက်ကြူးကြတာဖြစ်တယ် ။
ညဆိုတာ
သူအို သူမင်းတို့
လေညင်းမွေးမွေး
ဇီဝ ဆေးတွေ
အားမွေး အရည်ဖျော်
သက် ရာကျော်ဖို့
ပျော်ဝင်စေတာ ဖြစ်တယ်။
ည ဆိုတာ
ဒဏ္ဍာ ပုံပြော
ကလေးတို့ ပျော်မောတဲ့
အိမ်မက်တော ဖြစ်တယ်။
ည ဆိုတာ
လုလင် ပျိုရဲ့ အာရုံကြော အသစ်
အချစ်နဲ့ လှုပ်ရှား
နှလုံးသား အိမ်မက် တောင်ပေါ်
တိမ်မှောင် မည်းမည်း
လျှပ် ရဲရဲမှာ
မာန်ဟုန် ဇွဲနဲ့
ချစ်ပွဲခံရာ ဖြစ်တယ် ။
ည ဆိုတာ
သတို့သားရဲ့
ခွန်အားကို
တိုးပွား သန်စွမ်းစေတဲ့
တောင်တန်းကြီး ဖြစ်တယ် ။
ည ဆိုတာ
အပျိုစင် သတို့သမီးရဲ့
ချစ်မီး လျှံဝင်းနေတဲ့ မေတ္တာအိမ်ကို
တိမ်လို သိမ်မွေ့
လက် တစ်ပွေ့နဲ့
မျိုးစေ့ စိုက်မွေး
မြေစေး ဖွာဖွာ
သား တစ်ရာရဲ့
မြေယာကောင်း ဖြစ်စေရဲ့ ။

ကြည်အောင်
စာပေဂျာနယ်။ ၁၉၉၅ . နိုဝင်ဘာ

No comments:

Post a Comment