Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, August 18, 2013

ကိုယ်ပျောက်မိစ္ဆာ


စိမ်းစိမ်းမြမြ
ဒေါသလက်ရွန်း
မျက်ဝန်းကလေး….. သင် ။
မုန်းမုန်းမြေ့မြေ့
အပြုံးသွေ့ နွမ်း
နှုတ်ခမ်းကလေး….. သင် ။
ခိုးခိုးခစ်ခစ်
အပြစ်ဖွဲ့ ဟန်
မဲ့ သံကလေး….. သင် ။
ဆူဆူလောင်လောင်
ရန်ထောင်ခြေဆောင့်
ဖနောင့်ကလေး…. သင် ။
တွေးတွေးတိတ်တိတ်
စိတ်ကောက်ကျောပေး
နောက်ကျောကလေး…. သင် ။
ဒေါသမျက်ဝန်း
အမုန်းနှုတ်ခမ်း
ရယ်သွမ်းမယ့်ဟန်
ရန်ထောင်ခြေထောက်
စိတ်ကောက်ကျောပြင်
မိစ္ဆာ…. သင် ။
ချစ်ခင်သူတို့ ထမင်းပွဲ
ချစ်ခင်သူတို့ အသင်းထဲကို
သင်းကွဲမှောက်လှန်
ခလောက်ဆန်ဖို့ 
(သင် ဘယ်သူထံက…..)
ထောက်ခံစာယူခဲ့ ပါသလဲ ။

မောင်ခိုင်မာ

No comments:

Post a Comment