ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Wednesday, August 28, 2013
မနေ့က ပုံပြင်ရဲ့ အဆက်
ကုက္ကိုပင်တွေ
လသာရင် ငိုတဲ့ကြောင်း
တောင်ကုန်းလေးက
မဟောင်းသေးတဲ့
တေးတစ်ပုဒ်ကို ငြီးလို့ ။
လိမ္မော်သီးတစ်လုံး
“ ဗြုန်း ” ဆို
အရှေ့ဆီက ထွက်တာနဲ့
တဲရှင်တို့
တောင်ကုန်းလေးဘေးက
ထွက်သွားကြ ။
နွေလေပြေ မကြောက်
မိုးရေထဲလျှောက်
နှင်းဝေဝေအောက်
ချွေးပေါက်တို့ ကျရင်း
အလုပ်လုပ် ၊ လုပ်ကြရပေါ့ ။
တောင်ကုန်းလေး ပုခုံးက
ပန်းသီးတစ်လုံး ပြုတ်ကျဆဲ
တဲအိမ်တွေဆီပြန်လာကြ ။
ဒါဟာလည်း
ကမ္ဘာကြီးပေါ်က
ဘဝမျှင်မျှင် တဲရှင်တွေရဲ့
နေ့တဓူဝပေါ့ကွယ်။
တဲအိမ်လေးများ
ခရီးထွက်တဲ့ညက
သစ်ရွက်ကလေးတွေ
လေညှင်းလာပေမယ့်
တေးမသီနိုင်ရှာခဲ့ ။
တောင်ကုန်းလေးရဲ့ဘေးက
သူ့အဖေါ်တဲအိမ်လေးနဲ့
ခွဲရက်ကြတာ
ဝမ်းနည်းတဲ့အကြောင်း ...
ကုက္ကိုပင်တွေ
လသာရင် ငိုတဲ့ကြောင်း
တောင်ကုန်းလေးက
မဟောင်းသေးတဲ့
တေးတစ်ပုဒ်ကို ငြီးလို့
နေညိုညိုဆို ငိုငိုနေတတ်သတဲ့ ...။
အောင်လွန်းမြိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment