Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Saturday, August 31, 2013

ပြက္ခဒိန်



ရာဇဝင်တောအုပ်ထဲမှာ
အမှန်တရားနဲ့ စီးချင်းထိုးဖို့
ချိန်းဆိုထားသတဲ့ ။

အမှန်တရား ဆိုတာ
ချိန်းထားတဲ့ အချိန်ထက်
အမြဲ နောက်ကျလေ့ရှိတဲ့
သူရဲကောင်း ဖြစ်တယ် ။

စစ်ပွဲ၊ငြိမ်းချမ်းရေး
ဘောဂဗေဒနဲ့ ယဉ်ကျေးမှု
အဲဒီ ရောင်စုံဖိုင်တွဲတွေကြား နစ်မြုပ်နေရာက
လူဟာ
အလန့်တကြား ထ ထ ရပ်
အချိန် မကြာခဏ ကြည့်တတ်လာတယ် ။

မြမြင့်မိုရ်
 သရဖူ ၊ ၁၉၉၅ ၊ အမှတ်(၁၆)

No comments:

Post a Comment