Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, August 28, 2013

စီးကရက်သောက်ခြင်း အနုပညာ



ရှင် ကျွန်မကို တစ်လိပ်ပြီးတစ်လိပ် သောက်ပစ်တယ်။
ရှင် ကျွန်မကို တစ်နေ့ပြီးတစ်နေ့ သောက်ပစ်တယ် ။
ကျွန်မ ဘဝကို ပထမဆုံးလောင်ကျွမ်းစေခဲ့တာ ရှင်။
ရှင့်မျက်နှာရှေ့ကနေ မကြာခဏ မောင်းထုတ်ခံရတာ ကျွန်မ ။
ကြမ်းပေါ်လွှင့်ပစ်ပြီး ခြေထောက်နဲ့ နင်းခြေခဲ့ခံရ အကြိမ်ကြိမ် ။
နောက်ဆုံးတော့ ပြာမှုန်တွေအဖြစ် အမှိုက်ပုံးထဲမှာ ။

ဒါပေမယ့် ကျွန်မဘဝကို ကျွန်မ ကျေနပ်မိပါတယ် ။
ရှင့်နှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ ရှင်မှုတ်ထုတ်နေတတ်တဲ့
ဟိုးအရင်အချိန်တွေကို ပြန်တွေးမိရင်ပေါ့ ။

မြင့်မိုးအောင်

No comments:

Post a Comment