Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, August 13, 2013

ပလိန်းကိတ်ရဲ့ အရသာ

ကိုယ်နှင့်ဝေးသောနေရောင်ခြည်ကို
ပူတယ်အေးတယ်မပြောလိုတော့..။

ကိုယ့်နှလုံးသားက
ကမ္ဘာနှင့်အမျှပွင့်သောပန်းရနံ့ တို့ စွဲတယ်
ဘယ်လောက်တန်ဖိုးရှိမလဲ ။

ဒီနေ့ တနင်္ဂံနွေ
ရေနွေးအိုးတစ်လုံးတည်မယ်
ကဗျာတစ်ပုဒ်တွေးမယ်
ထမင်းလည်းတစ်ခါပဲစားမယ်
ဒီထက်ချွေတာလို့ လည်းမရ
ဒီထက်အကျယ်ချဲ့ လို့ လည်းမရ ။

အလုပ်မရှိအလုပ်ရှာ
ကိုယ့်သိမ်ငယ်မှု
ကိုယ်ကြုံရသောမျက်လုံးများနဲ့ 
ကိုယ့်ဘ၀ဇာတ် ။

ရေချိုးခါနီး
ကိုယ့်တစ်ကိုယ်လုံးကိုယ်အနုစိတ်ပြန်ကြည့်
ဘာဆေးမင်ကြောင်မှမရှိ ။ ။



ခင်ဇော်မြင့်
မြားနတ်မောင်
ဧပြီ.၂၀၀၃

No comments:

Post a Comment