Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, August 28, 2013

မိုးရွာတော့မည်



ရွာမည်လားမိုး ၊ အစိုးမရ
လိမ့်အိကျဆင်း ၊ ကြေကွဲခြင်းလား
ထိန်းမထားတတ် ၊ တရစပ်နဲ့
မရပ်မနားရွာပါလေ ။

ငြိမ်သက်ညိုမှောင် ၊ ပြိုမယောင်နဲ့
ကြာခဲ့ပြီပဲ ၊ သိမ်းဆည်းထားခိုက်
တရှိုက်ရှိုက်စ ၊ ရွာချမလို
စွတ်စိုလဲ့ရည် ၊ ဖွဲ့သီခိုချိတ်
ကြေကွဲရိပ်မှာ
စိတ်ချလက်ချရွာလိုက်လေ ။

ဘာသာပြိုကြဲ ၊ မပေါ်က်ကွဲနဲ့
သဲသဲစိတ်စိတ် ၊ ခပ်တိတ်တိတ်ရွာ
ဖြေသာအောင်ထိ ၊ အခွင့်ရှိခိုက်
ရွာလိုက်ပါလေ ၊ မိုးရေတွေထဲ
စဲတဲ့အထိ ၊ ကျွန်တော်ရှိမယ်
နားလည်တည်စွမ်း
ခမ်းသွားအောင်သာရွာပါလေ ။

အတားသက်သက် ၊ မထားရက်သော
မိုးစက်တောကြား ၊ ခံစားဝေမျှ
နေပါ့မယ်လေ ၊ဝေဒနာဟာ
အဖြေရှာခက် ၊ တွက်မရရင်
ရွာချင်လားမိုး ၊ အငြိုးမထား
အခါးမဖက် ၊ မိုးရေစက်နဲ့
ငြိမ်သက်ညင်သာ ၊ ရွာလိုက်လေနော်
ကျွန်တော်ရှိမယ် ၊ နားလည်တည်စွမ်း
ခမ်းသွားအောင်သာရွာပါလေ ။ ။

အောင်ဒင်

No comments:

Post a Comment