Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, August 18, 2013

** အကြိုက်တရားနှင့် အမြိုက်တရား **



ကျွန်တော့်သား
ပီကေဝါးရတာကြိုက်တယ် ။

ကျွန်တော့်မယား
ချိုခါးခါး ချဉ်စပ်စပ်
ဗေဒင်ဖတ်ခွင့်ရတဲ့
တစ်မတ်တန် ဇီးထုပ်ကိုကြိုက်တယ် ။

ကျွန်တော့်အတွက်တော့
လက်ဖက်ရည်ချိုပေါ့
ဗားတော့ဗရက်ကဗျာ
သစ္စာသီချင်း (ကိုစောညိန်း)
ဆေးပြင်းလိပ်တစ်လိပ်
ဖိုဘီကိတ်ရဲ့အပြုံး
ထုံးလေးလေးနဲ့
ဆေးမွှေးကွမ်းယာတစ်ယာ
အို - ဝမ်းသာပါတယ်မိတ်ဆွေ ။

အကြိုက်တရားဆိုတာ
လိုက်စားခွင့်ရှိတယ်
မိုက်မှားခွင့်ရှိတယ်
ထွေပြားခွင့် ရှိတယ်
စေစားခွင့် ရှိတယ်
ဘေးဖယ်ခွင့် ရှိတယ်
ရွေးချယ်ခွင့်ရှိတယ်
ငါးပိ နဲ့ ဒံပေါက်
ခမောက် နဲ့ ခေါက်ထီး
ရင်းနှီးခံစား
ဒါ အမှန်တစ်ရားတော့ မဖြစ်နိုင် ။

ကျော်သူကို ကြိုက်တဲ့
စရိုက်တူ ကောင်မကလေးဟာ
“ မောင်လေးအောင် ”
“ မောင်ယဉ်မွန် ” ဆိုတာ
“ ဆိုလာ ” ချွေးနံ့ပျောက်ဆေးလို
မွှေးသလားကိုကိုတဲ့ ။

လမ်းဘေးမှာထိုင်စား
ဝက်သားတုတ်ထိုး အရသာနဲ့
ဦးပုညရဲ့ ကဗျာရသ
ဒါနှိုင်းရတရားမဟုတ်
ကိုယ့်အထုပ်ကိုထမ်း
ကိုယ့်စခန်းကိုယ်ဝင် ။

မောင်ခိုင်မာ
မိုးဝေ၊ ဒီဇင်ဘာ၊ ၁၉၈၆

No comments:

Post a Comment