Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, August 28, 2013

ရှည်ကြာစွဲမြဲ



ငယ်ငယ်ကတည်းက စဉ်းစားရင်း အဖြေရှာမိခဲ့တယ်
မိုးကောင်းကင်ကြီးရဲ့နောက်ကွယ်မှာ ဘာတွေရှိပါလိမ့်
ကြယ်ပွင့်ကလေးတွေတွေထဲမှာ ဘာတွေရှိပါလိမ့် ။

ငယ်ငယ်ကတည်းက စဉ်းစားရင်း အဖြေရှာခဲ့မိတယ်
လူတွေဟာ အလုပ်လုပ်ကြတာတူပါလျက်
ဆင်းရဲသူကမတရားဆင်းရဲတတ်ပြီး
ချမ်းသာသူက မတရားချမ်းသာတတ်တာ ဘာကြောင့်ပါလဲ ။

ငယ်ငယ်ကတည်းက စဉ်းစားရင်း အဖြေရှာ
လောကကြီးထဲ လူတွေဘာကြောင့်ဖြစ်ပေါ်လာပါလိမ့်
ငါရယ်လို့ ဘာကြောင့် ဖြစ်ပေါ်လာသလဲ ။

စဉ်းစားရင်း စဉ်းစားရင်း ကြီးပြင်းခဲ့
ကြီးလာပေမဲ့ အဖြေက စိတ်တိုင်းမကျ
သေချာတာတစ်ခုတော့ ရှိတယ်.....
ကိုယ်နေထိုင်တဲ့ ကမ္ဘာကို ချစ်နေသေးတာပဲ
သေချာတာတစ်ခုတော့ ရှိတယ်.....
ချစ်ချင်းမေတ္တာ ရှိနေခဲ့လို့ နေပျော်တာပေါ့
မေးခွန်းတွေ များများလာလို့ ဘဝသန်စွမ်းနေတာပေါ့ ။ ။

ထွန်းဝေမြင့်

No comments:

Post a Comment