Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, May 2, 2013

အင်တာနာပေါ်က ကျီးကန်းများ

ညနေခင်းရဲ့
တိုက်ခေါင်မိုး အင်တာနာပေါ်
ဂျစ်ပစီ ကျီးကန်းများ
L.P ကဗျာ ရွတ်နေကြသလား ..... ။

အင်တာနာပေါ်မှာ
သူတို့ခမျာ
အင်တာတိန်းမန့်မသိ
ရေအိမ်ကိုမသိ
PH5 Care မသိ
အဖော်တွေနဲ့ အပျော်ကိုနသိ ပဂေးကြီးကိုမသိ
တစ်လင်တစ်မယားစနစ်ကိုမသိ ...... ။

သူတို့သိတာ
သွေးညှီနံ့ ရနေတဲ့ အသားတွဲ
ဘယ်မှာဝင်ဆွဲရမလဲဆိုတာ
အသာငမးငမ်းမျက်လုံးများ
အင်တာနာပေါ်က ကျီးကန်းများ ........ ။         ။

အောင်ဘညို
ရနံ့သစ်မဂ္ဂဇင်း ၊ မေ ၊ ၂၀၁၀
၅၀ / ၅၀ မှ


Photo ကို google မှ ယူပါသည် ။

No comments:

Post a Comment