( မင်းငါ့ကိုသိပ်ချစ်တာပဲလားလို့မေးတဲ့ )
ဇနီး - ၁
(အဖေကိုစိတ်တိုင်းသိပ်မကျတဲ့)
သား -၂
( ငါနဲ့ စိတ်ဓာတ်တော်တော်တူတဲ့ )
သမီး - ၁
အိမ်ကလေးတစ်လုံး ၊ ရေကန်လေးတစ်ကန်
အသီးသီးတဲ့ ဗာဒံပင်လေးတစ်ပင်
ဟုတ်ယောင်ထင်မှတ်မှားမှုတစ်ခု
တစ်ဝက်တစ်ပျက်အောင်မြင်ကျော်ကြားမှုတစ်ခု
အပြင်းစား သံဝေဂ ၁ ခု
ပိုက်ဆံအိတ်အခွံ ၁ ခု
ငွေစက္ကူနည်းနည်းပါတဲ့ပိုက်ဆံအိတ် ၁
မရေးရသေးတဲ့ဝတ္ထုတို ၃၂ ပုဒ်
ဂုဏ်ပြုဆုလက်မှတ် ၁ စောင်
အပေါင်လက်မှတ် ၁ ရွက်
ဆဲရေးသံ(အလုံအလောက်)
ပုလင်းခွံတစ်လုံး
(အရင်တုန်းကငံပြာရည်ထည့်တာ)
ဖောင်တိန်တစ်ချောင်း
(ဖောင်တိန်ထဲမှာ ငါတို့ မျက်ရည်တွေ)
ကင်ဆာဆဲလ်တွေဖော်ပြထားတဲ့ဓာတ်မှန်တစ်ချပ်
မုန်လာချဉ်ပုလင်းကလေးတစ်လုံး
ပြုံးရယ်နေတဲ့ ငါတို့မိသားစုဓာတ်ပုံတစ်ပုံ ။
နေမျိုး
ကဗျာဆရာဝံပုလွေ ခေတ်ပေါ်ကဗျာစာအုပ်မှ
No comments:
Post a Comment