Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, May 3, 2013

** အဖြောင့်လွဲသူ **

တစ်နေ့ သ၌
စိတ်ကူးရွဲ့ ရွဲ့ တွေကို ကောက်သင်းကောက်ကြည့်တယ်
“ တံစဉ် ” နဲ့  “ သက်တံ ” လည်းကွေးတာပဲ
မြစ်တွေကွေ့ ကွေ့ ကောက်ကောက်
ငါလည်းမဖြောင့်တန်းဘူး ။

“ ထီးကောက် ” ငှါးသွားသူက ဒီနေ့ ပြန်လာပေးသွားတယ်
ကိုယ့်နေ့ နံအရ
သစ်ကောက် ဝါးကောက် ၊ တုတ်ကောက် များများရောင်းရမယ်တဲ့ ။
အရေးထဲ ချိတ်ကောက်တစ်ချောင်း ကောက်ရသေးရဲ့ ။

စောင်းကောက်မတီးတတ်တဲ့ငါက
စိတ်ကောက်တဲ့ချစ်သူကို ဘယ်လိုချော့ရမလဲ
ပန်းချီးပြခန်းတစ်ခုသွားကြည့်တော့ “ ကောက်ကြောင်းပြပွဲ ” တဲ့
ငယ်နာမည် “ မောင်ကောက် ” မဟုတ်ပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြန်ကောက်မရအောင် အကောက်တွေရွာသွန်းနေလိုက်ပုံများ

အမေအရင်းကတောင်
တစ်ခါတစ်ခါကျီစယ်တယ်
ကျွန်တော့်ကို “ ကောက်ရတဲ့ သား ”  တဲ့ ။     ။

ဌေးကြည် ၊ စလင်း ၊

No comments:

Post a Comment