Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, May 3, 2013

တနင်္လာနေ့များ

တနင်္လာနေ့ဟာ တနင်္လာနေ့လို
ရောက်ရောက်လာပုံဟာ
မြန်လွန်းပြီး
“တချို့နေ့တွေကိုများ ကျော်လာသလား” လို့
ထင်ရတဲ့ တနင်္လာနေ့ဟာ
တနင်္လာနေ့မှာ
ရောက်လာပြန်ပြီး
အရာကိစ္စတွေကို “နှစ်ခါပြန် လုပ်ရတတ်တယ်” ဆိုလို့
ငါတို့ ရှောင်တတ်တဲ့ တနင်္လာနေ့ဟာ
“ဘယ်ရှောင်လို့ရမလဲ” ပြောပြီး တနင်္လာနေ့ဟာ
တနင်္လာနေ့မှာ
တနင်္လာနေ့ ရောက်လာခဲ့ပြန်ပါတယ် ပေါ့လေ။
တနင်္လာနေ့၊ တနင်္လာနေ့၊ တနင်္လာနေ့
တနင်္လာနေ့ ဆိုသလိုပေါ့လေ။

အောင်ချိမ့်
ချင်းတွင်း၊ မေ-ဇွန် ၂၀၁၃

No comments:

Post a Comment