Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, May 2, 2013

အား လုံး ရှိ တဲ့  လူ င ယ်

ရှိတယ် … ။
လူငယ် မှာ တီရှပ် တထည်ရှိတယ် .
လူငယ်မှာ ဂျင်းဘောင်းဘီ တထည်ရှိတယ် ..။
လူငယ် မှာ လည်ကတုံးအဖြူ ရှပ်အကျီ တထည်ရှိတယ်..
လူငယ်မှာ ယောပုဆိုး တထည်ရှိတယ် ….
လူငယ် ရင်ဘတ် တီရှပ်ထဲမှာ ချေဂွေ ဗားရား ကြီးရှိတယ်
သမိန် ဗရမ်း ကြီး ရှိတယ် ၊
န ဗား နား ရှိတယ် ။
( ရော့ ခ် စတီး ၀ပ်) ရှိတယ် ။
(ဘော့ မာလေး) ရှိတယ် ။
ဇော် ၀င်း ထွဋ် ရှိတယ် ။ လေးဖြူရှိတယ် .. ။

ရှိတယ် …. ။
အားလုံး ရှိတယ် ကွ ။
လူ ငယ် ရင်ဘတ် တီရှပ်ထဲမှာ ခေတ်ကြီးတကောင် ရှိတယ် ။
အချစ်ကဗျာ တွေရှိတယ် …
ဒသန ကဗျာတွေရှိတယ် ….
တော်လှန်ကဗျာ ခပ်ရဲရဲတွေလဲ ရှိနေတယ် …

ခေတ်ကို ထမ်းချင်ခဲ့  တာလဲ လူငယ်ပဲ
မြို့ ကို ထမ်းချင်ခဲ့  တာလဲ လူငယ်ပဲပေါ့ ..


အဲ့ ဒီ တော့ …
မြို့ ကို ထမ်းခဲ့ ချင်ပေမဲ့  မြို့ ကိုပဲ ပြန်လွမ်းခဲ့ ရတဲ့  ရက်တွေအကြောင်း ရှိတယ် ။
တိုက်ထဲမှာ ပိတ်မိနေလို့  ပုရွတ်ဆိတ်ပြုမှုနေထိုင်မှုအကြောင်း                                                သုတေသန နေ့ ရက်တွေအကြောင်း                                                                      အင်းစိန် ထောင်ကြီး ကောင်းကောင်းသိတယ် ။
ခေတ် ကိုထမ်းချင်တဲ့  လူငယ်အချို့ ကို
ခေတ် ကပဲ လူငယ်အချို့ ကို ပြန်ဖမ်းတယ် ။
ခေတ်ကြီး ကို အလင်းထဲရောက်ဘို့ 
ကျားကန် ဆွဲခဲ့ တာ လူငယ်ပဲဗျ …

အဲ့ ဒီတော့ …
လူငယ် ဟာ ငယ်တဲ့  လူ ပဲ ..
ငယ်လူမှာ လူငယ်စိတ်အပြည့် ရှိတယ် ။
အချစ်တွေ ရှိတယ် …
ကဗျာတွေ ရှိတယ် …
သီချင်း တွေ ရှိတယ်..
ရှုးရှုး ရှဲ ရှဲ ဒေါသ ခပ်ကြီးကြီးတွေရှိတယ် ။
လော ဘ တစ်ထောင်လဲ ရှိတယ်
မော ဟ တစ်ထောင်လဲ ရှိတယ် ။
ရန်သူ တစ် ထောင် လဲ ရှိပါ တယ် ။

လူငယ်ဟာ ချစ်ခြင်း တရားကို ဆာလောင်တယ် ...
လူငယ်ဟာ ကဗျာ ရေးဘို့  အတွက် ဒုက္ခတရား ကိုလဲ                                                      ဆာလောင်တတ်သေးတယ် ..။
လူငယ်ဟာ ကဗျာ ကို ဆာလောင်နေတယ်
လူငယ်ဟာ သီချင်း ကို ဆာလောင်နေတယ် ..
တခါတခါ ၀ီစကီ ပုလင်းတွေ ကို ဆာလောင် နေတတ်တယ် ... ။
တခါတခါ ကိုယ့်ကို ကိုယ်ပြန် ဆာလောင် နေ တတ်တယ် .

အဲ့ ဒီတော့ ...

ကျုပ်တို့ မှာ ဘာရှိသလဲ လို့ တော့ လာ မမေးနဲ့  ..
ကျုပ်တို့  မှာ အားလုံး အကုန်ရှိခဲ့ တယ် .... ။

လင်းနောင်
ဧပြီ ၊ ၁၀ ရက် ၊ ၂၀၁၃ ခုနစ်
ညနေ ( ၄ နာရီ ၅ မိနစ်)

No comments:

Post a Comment