Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, May 3, 2013

** ကလေးစိတ် **

ကလေးဘဝ ကျော်လွန်ခဲ့ပြီလို့ငါမပြော
ကလေးဘဝ ငါရခဲ့တယ်လို့ပဲ ငါပြောမယ် ။
အသက်ကြီးပေမယ့် ငါ့မှာ ကလေးစိတ်ရှိတယ် ။
ကလေးလို စူးစမ်းလိုစိတ် သိလိုစိတ်
အသက်ရှင်သန်နေရခြင်းအကြောင်း သိစရာတွေ
အသက်ကြီးလေ ပိုပြီးများလာလေ ။
တိရစ္ဆာန်တွေမှာတော့ အသက်ကြီးလေ
သိစရာ မရှိတော့လေ ။
ဒါကြောင့် ပညာရှိကြီးတွေ ကွယ်လွန်တဲ့အခါ
သူတို့သိသမျှ ဖွင့်ဟခဲ့ပေမယ့်
“ ငါဘာမှ မသိရသေးပါလား ” လို့ပဲ
စကားချန်ထားရစ်ခဲ့တယ် ။

နေ့အသစ်ကို အားရဝမ်းသာ တွေ့ရှိလိုစိတ်ဟာ
မပြောင်းမလဲ ငါ့မှာရှိနေတုန်းပါပဲ ။
ဒါကြောင့် ကလေးဘဝ ကျော်လွန်ခဲ့ပြီလို့ ငါမပြော
ကလေးဘဝ ငါရခဲ့တယ်လို့ပဲ ငါပြောမယ် ။

ထွန်းဝေမြင့်
( ကလျာမဂ္ဂဇင်း၊ ၂ဝ၁၁ ဇန်နဝါရီ )

No comments:

Post a Comment