Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, May 2, 2013

မေ၂ -၂၀၀၈

ကိန်းဂဏန်းတွေကို ဦးနှောက်သက်သက်နဲ့
ရေတွက်နေချင်သေးသလား ...
ပိုင်ဆိုင်မှုကိန်းဂဏန်းတွေ
နေရာအကျယ်အဝန်းကိန်းဂဏန်းတွေ
အသက်အရေအတွက်ကိန်းဂဏန်းတွေ
စိစိညက်ညက်ကျေသုဉ်းခဲ့ပေါ့
ငိုကြွေးရုံကလွဲလို့ အခြားသောအရာတွေကော
မရှိတော့ဘူးလား ...
သေသူကလည်း သေတဲ့မျက်နှာ
ရှင်သူကလည်း သေတဲ့မျက်နှာ
ဆွံ့အ မှုဟာ ကမ္ဘာကျော်သွားခဲ့ပါပြီ
ပင်လယ်ရေ ...
မကြားလို မမြင်လို မကြုံတွေ့လိုခဲ့ပါဘူး
ဒါပေမယ့် အခုတော့
ငါတို့ဥပေက္ခာမပြုနိုင် ရှောင်ဖယ်မသွားနိုင်
မျက်နှာမလွှဲနိုင်ခဲ့ကြ
ဒုက္ခတွေအတွက် ချက်ချင်းရင်ဆိုင်
ကူညီဖြေရှင်းကြရမှာပဲ
ဒါဟာလူသားအချင်းချင်း ထားအပ်တဲ့ မေတ္တာတရား
ကမ္ဘာဆန်တဲ့ ကိုယ်ချင်းစာနာမှုတရား ...။

လင်းတည်ဦး

No comments:

Post a Comment