Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, May 3, 2013

** မိန်းမကိုချော့ခြင်း **

ကမ္ဘာဦးလို
မီးကို စတင်တွေ့ရှိလိုက်တဲ့ အိမ်ထောင်ရေး
လေတိုက်တော့ မြည်တဲ့အသံမှာ
ခေါင်းလောင်းအိုးကို
မာကြောတဲ့အရာနဲ့ တည်ဆောက်ရတယ်
မိန်းမဟာ ယောကျာ်းမရှိပဲ ပြည့်စုံမလား
မေးခွန်းက အိပ်ရာကို လုံးချေလွှင့်ပစ်လို့
ပြတင်းပေါက်တွေကို ဆောင့်ကြီးအောင့်ကြီး ပိတ်လို့
လက်ထဲက မိန်းမဟာ လွတ်ကျလို့
တကယ်တော့ ပြန်ပေးဆွဲထားတာ မဟုတ်ဘူး ။

စိတ်ကူးက လွန်ခဲ့သောနှစ်များဆီ ကျကွဲစဉ်
အကောင်းပြန်ဖြစ်ပါ့မလား နေ့များ
အချစ်က နှုတ်ခမ်းပဲ့လို့
အလွမ်းအဆွေးက စလောင်းရွဲ့လို့
အရာရာလှိုင်းပါတဲ့ ကြေးမုံထဲကရုပ်လို တွန့်လိမ်လို့
ဒီမျက်နှာဟာ
အရင်မြင်ဖူးတဲ့ မျက်နှာ မဟုတ်တော့ဘူး ။

လမ်းထဲက ကလေးတွေ ပြေးလွှားဆော့ကစားတာကြည့်
မင်းကို စတင်တွေ့ရှိတာ အဲဒီလို ကိုယ်တုံးလုံးလေး
မီးကို စတင်တွေ့ရှိသလို
သားကောင်ကို ပစ်ခတ်ထိမှန်သွားသလို
ဟာသနဲ့
တံခါးကို မသိမသာဖွင့်ဝင်လိုက်တယ်
အထဲမှာ အရွယ်တင်နေဆဲမိန်းမတစ်ယောက် မဲ့ပြုံပြုံးလို့ ။ ။

ဝင်းမြင့်


No comments:

Post a Comment