Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, May 2, 2013

သုဝဏ္ဏသျှံ

စီဒီ ဓာတ်ပြားပေါ်မှာ
ငါတို့နေ့တွေ ထစ်အ နေခဲ့ ..... ။

အမေမျှော်တဲ့ သားတွေ
သားကိုမျှော်တဲ့ အမေတွေ
သုဝဏ္ဏသျှံဇာတ်
မြင့်မြတ်တဲ့နေ့တွေ
ဘယ်တော့များလဲ ...... ။

အမှောင်တွေ ပိုမှောင်လာတယ်
တံခါးခေါက်သံတွေ ပိုကျယ်လာတယ်
အမေ့မျက်လုံးတွေ  ပိုကျယ်လာတယ်
အမေရေ ..... အမေ
သားလည်း တစ်နေ့ ရွှေအိုးထမ်းပြန်လာမယ် အမေ ....... ။

အောင်ဘညို
မြန်မာသစ်မဂ္ဂဇင်း ၊ ၂၀၁၀
၅၀ / ၅၀ မှ

No comments:

Post a Comment