Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, April 28, 2013

** အထီးကျန်ခြင်း **


ကိုယ်ကျင့်တရားမှာ ချွေးတစိုစို
ငါ့ကိုယ်ငါ အရမ်းစိတ်ပူတယ်
အစွန်းရောက် အာရုံကို အဖုံးဖုံး
ငါဟာ သူတော်စင်လို မျက်လုံးအောက်စိုက်လမ်းလျှောက်လို့
တကယ်တော့ စိတ်များလွန်းတဲ့ ပုရွက်ဆိတ်တစ်ကောင်
ခေါင်းကို ဆတ်ကနဲ လွှဲရ
ကိုယ့်ကိုယ်ကို အမြဲအာပတ်ဖြေနေရတဲ့လူပါ
ငါဝတ်လက်စ ဂျင်းဘောင်းဘီ
ဒီရာသီအကုန် တန်းပေါ်ပစ်တင်ထားလိုက်တော့မယ်ဆိုလည်း
ရန်ပွဲတွေ့ရင် သွေးက၀င်ရိုက်ချင်နေတုန်းပဲ
ဝရန်တာပန်းအိုးထဲက မြေလို
လူငယ်စိတ်လို့ အော်ပြောနေတဲ့ အရုပ်တွေကြည့်ရင်း
ဆံပင်ရှည်ပြန်ထားချင်တယ်
ဆောင့်ဆွဲနေရတဲ့ အရာတွေများလွန်းလို့
လက်ထဲကခွက်မှာ သံချေးတက်တက်လာ
လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း
အပိုးမကျိုး ဘာမကျိုး
တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်
ငါ ဘယ်လို အယောင်ဆောင်ဆောင်
ငန်ကျိကျိလမ်းမပေါ်
အင်္ကျီကော်လံ ထောင်ထားချင်တုန်းပဲ ။ ။

ခိုင်မြဲကျော်စွာ

No comments:

Post a Comment