Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့
Showing posts with label ကဗျာ - အိုက်လူအောင်. Show all posts
Showing posts with label ကဗျာ - အိုက်လူအောင်. Show all posts

Wednesday, April 24, 2013

ချည်တိုင်





                                              ချည်တိုင်
                                                         အိုက်လူအောင်

တယောက်တလမ်းစီ ပြန်လာကြ ...။

ညီမလေးရဲ့ ထမင်းချိုင့်ထဲမှာ
အလွမ်းအမောတွေ ပါလာမလား၊
ကျနော့်လွယ်အိတ်ထဲမှာတော့
မနက်က ထည့်သွားတဲ့ မျှော်လင့်ချက်ဟာ
ပျော့ခွေလို့
သိုးလို့ ...။

ကားဟွန်းသံနဲ့ ရောင်ကိုင်းနေတဲ့ မြို့လယ်ကောင်မှာ
ကောက်ကျစ်မှုတွေ ဘရိတ်ပေါက်ကြ
ချစ်မေတ္တာတွေ လက်ထိတ်ခတ်ခံရ
တံလျှပ်လို အတ္တတွေ ထောင်းလမောင်းထလို့ ...။

တနေ့နဲ့တနေ့ ဒီလိုပဲ အရေခွံလဲ
ဒီလိုပဲ မိုးလင်းမိုးချုပ်လို့
ကိုယ့်အရှုပ်နဲ့ ကိုယ့်အထုပ်ကို
အိပ်ရာဝင်ခါနီး
အမေ့တရားသီချင်းနဲ့
ဖြေဖြေကြည့်တတ်ခဲ့ပေါ့ ...။ ။

အိုက်လူအောင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၄ ခုနှစ်)

 http://drlunswe.blogspot.com မှ